စစ်မှုထမ်းနေစဥ် သူ့ရဲ့တက်တူးအသစ်ကို ထုတ်ကြွားလိုက်တဲ့ EXO အဖွဲ့ဝင် Chanyeol

စစ်မှုထမ်းနေတဲ့ EXO အဖွဲ့ဝင် Chanyeol ရဲ့ လက်ရှိအခြေအနေကို ပရိသတ်တွေက သိရှိခွင့်ရခဲ့ကြပါပြီ။

သြဂုတ်လ ၅ ရက်နေ့မှာတော့ Chanyeol က သူ့ရဲ့ Instagram Story မှာ လက်ရှိ သူ့အခြေအနေတွေကို ဓာတ်ပုံရိုက် တင်ထားခဲ့ပါတယ်။ အဲ့ဒီမှာ ‘L-1485’ ဟူသော စာလုံးနဲ့ သူ့ လက်ကောက်ဝတ်က တက်တူးလေးကို ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြတာပါ။

‘L-1485’ ဟာ ‘EXO-L’ တို့ရဲ့ မွေးနေ့ကို အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ စကားစုလေး ဖြစ်ပြီး ဓာတ်ပုံတစ်ပုံကတစ်ဆင့် အင်တာနက် အသုံးပြုသူတွေဟာ Chanyeol ရဲ့ ပရိသတ်တွေအပေါ် လေးနက်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပါတယ်။

ဒါ့အပြင် Chanyeol က ဦးထုပ်ဆောင်းပြီး V-sign လုပ်ထားတဲ့ သူ့ပုံလေးတွေကိုလည်း ထုတ်ဖော်ခဲ့ပါသေးတယ်။ ‘I’m happy to be with Chanyeol’ ဆိုတဲ့ စာတန်းပါ ဓာတ်ပုံတစ်ပုံကလည်း လွမ်းနေခဲ့ကြတဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။

Chanyeol ကတော့ ပြီးခဲ့တဲ့နှစ် မတ်လမှာ စစ်မှုထမ်းတာဝန် စတင်ခဲ့ပြီး လာမယ့် စက်တင်ဘာလမှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *