မြန်မာငွေ သန်းပေါင်း သုံးသောင်းခွဲတန် ဇိမ်ခံအိမ်ကြီးကို Jeffree Star ထံကနေ စမိုင်းလ်တို့ ဇနီးမောင်နှံဝယ်ယူ

အမေရိကန် နာမည်ကျော် ယူကျုဘာ Jeffree Star ဟာ Hidden Hills မှာရှိတဲ့ သူ့ရဲ့ဇိမ်ခံအိမ်ကြီးကို မြန်မာ သူဌေးတွေဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံထံ ရောင်းချလိုက်ပြီဖြစ်ပါတယ်။

Jeffree Star ရဲ့ ခြံဝန်းဟာ အကျယ် ၂ ဒသမ ၈ ဧက ရှိပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Hidden Hills မြို့မှာရှိတဲ့ အကြီးဆုံးနဲ့ အခမ်းနားဆုံး ဇိမ်ခံအိမ်ကြီးဖြစ်ပါတယ်။

ဒီအိမ်ကြီးကို စမိုင်းတို့ ဇနီးမောင်နှံက ဒေါ်လာ ၁၆ ဒသမ ၇ သန်း (မြန်မာငွေ သန်းပေါင်း သုံးသောင်းခွဲခန့်) နဲ့ ဝယ်ယူခဲ့တာပါ။

Jeffree Star ဟာ အဆိုပါ အိမ်ကို လွန်ခဲ့တဲ့ သုံးနှစ်က ဒေါ်လာ ၁၄ ဒသမ ၆ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သူပိုင်ဆိုင်တဲ့ သုံးနှစ်တာ ကာလအတွင်း အိမ်တွင်း ပြင်ဆင်မှုများစွာ ပြုလုပ်ထားပါတယ်။

ဒေါ်လာ သန်း ၂၀ အထိ ရရှိဖို့ မျှော်မှန်းထားပေမဲ့ လေလံပွဲရဲ့နောက်ဆုံးမိနစ် ရလဒ်အရ ဒေါ်လာ ၁၆ ဒသမ ၇ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဈေးဟာ သူခေါ်ထားတဲ့ ကြမ်းခင်းဈေး ၁၅ ဒသမ ၅ သန်း ထက်တော့ ပိုများခဲ့ပါတယ်။

အဆိုပါ အိမ်ကြီးမှာ အိပ်ခန်း ၇ ခန်းနဲ့ ရေချိုးခန်း ၁၃ ခန်း ပါဝင်တဲ့အပြင် gym ခန်း၊ glass elevator ၊ ကား ၁၀ စီးဆံ့တဲ့ မြေအောက် ကားဂိုဒေါင်၊ တွဲလျက်ပါဝင်တဲ့ guesthouses ၂ ခု၊ ဝိုင်သိုလှောင်ခန်းနဲ့အတူ မြည်းစမ်းခန်း၊ ရုပ်ရှင်ရုံ၊ သီးသန့် ဂိုဒေါင်၊ ရေခဲသေတ္တာငါးလုံးခန့် ပါဝင်တဲ့ မီးဖိုချောင်နဲ့ တိုက်ခန်းအများစုမှာရှိတာထက်ပိုကြီးတဲ့ ပိုကြီးတဲ့ master suite တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လျှပ်စစ်၊ HVAC နဲ့ လုံခြုံရေးစနစ် အားလုံးကိုလည်း အစားထိုး အဆင့်မြှင့်တင်ထားပြီး အိမ်အများစုကို အဖြူနှင့် ရွှေရောင် ဒီဇိုင်း ရေးဆွဲထားကာ လက်ဝတ်ရတနာများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရန်နဲ့ ဒေါ်လာသန်းပေါင်းများစွာ စုဆောင်းမှုများအတွက် ဘဏ်တိုက်အသစ်လည်း တပ်ဆင်ထားပါသေးတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံဟာ Beverly Hills ဧရိယာမှာ မကြာသေးခင်က ခေတ်ပြိုင်အိမ်ကြီးတစ်လုံးကို ငှားရမ်းထားပြီး အရင်က ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မှာရှိတဲ့ ကျယ်ဝန်းတဲ့ ကိုယ်ပိုင်အိမ်ကြီးမှာ နှစ်ရှည်လများနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref : dirt.com

Leave a Reply

Your email address will not be published.