ဆံမြိတ်ပုံစံကို ပြောင်းလဲလိုက်ရာမှ အဆမတန် ဆံပင်ပျက်စီးသွားခဲ့ကြောင်း ပြောပြလာခဲ့တဲ့ Lisa

ဆံမြိတ်ပုံစံကို ပြောင်းလဲလိုက်ရာမှ အဆမတန် ဆံပင်ပျက်စီးသွားခဲ့ကြောင်း ပြောပြလာခဲ့တဲ့ Lisa

သီချင်းအသစ်နဲ့ comeback နီးလာချိန်မှာတော့ အဖွဲ့ရဲ့ ၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် BLACKPINK အဖွဲ့ဝင် Lisa ဟာ မကြာသေးခင်က YOUTUBE မှာ Vlog ဗီဒီယိုတစ်ခု တင်ထားခဲ့ပြီး ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။

Lisa ရဲ့ လှုပ်ရှားမှုတွေကိုလည်း မတွေ့ရတာ ကြာပါပြီ။ ဒီ Vlog လေးမှာတော့ CELINE နဲ့ BVLGARI’s Eden မှ BVLGARI Jewelry မှ Lisa ရဲ့  Men’s Paris Fashion Week အထိ ပါဝင်ဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများအကြောင်းကို ဖော်ပြထားခဲ့ပါတယ်။

အဆိုပါပွဲတွေအတွက် ပြင်ဆင်နေစဉ် Lisa သည် ဆံပင် ပြဿနာများစွာကို ကြုံတွေ့ခဲ့ရပြီး ဆံမြိတ်နဲ့ ကွဲပြားသောအသွင်အပြင်ကို လိုချင်ခဲ့တာကြောင့် သူမရဲ့ ဆံမြိတ်လေးကို ပြောင်းလဲလိုက်ခဲ့ကြောင်း ပြောပြလာခဲ့ပါတော့တယ်။

ပရိတ်သတ်အချို့ကလည်း သူမကို ဆံပင်အများကြီး မညှပ်ထားပေမဲ့ ဘာကြောင့် ဆံပင်မပေါက်တာလဲဆိုပြီး မေးလာကြပါတယ်။ ဆံပင်ကို အမှန်တကယ် စိုက်ပျိုးရန် ကြိုးစားသော်လည်း မကြာခဏ အရောင်ပြောင်းခြင်းနှင့် စတိုင်ကျခြင်းတို့ကြောင့် ပျက်စီးသွားရတယ်လို့ Lisa က ဆိုပါတယ်။

Lisa ဟာ သူမရဲ့ ဆံပင်ယာ ပါးသလို ပေါက်တာလည်း နှေးကွေးတာကြောင်း ဆံသား ကျန်းမာရေး မကောင်းမွန်ကြောင်းကိုလည်း ပြန်လည် ဖြေကြားလာခဲ့ပြီး သူမရဲ့ လက်ရှိ ဆံပင်တွေကိုလည်း ပရိသတ်တွေကို ချပြခဲ့ရာမှာတော့ အံ့အားသင့်ခဲ့ကြရပါတော့တယ်။

တကယ်တမ်းမှာလည်း Lisa ပြောခဲ့တဲ့အတိုင်း ဆံပင်တွေက ကျိုးနေပုံရပြီး မီးလောင်ထားသလို ကွဲအက်ပြီး အရမ်းခြောက်သွေ့နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း အရင်က Lisa ရဲ့ ရှည်လျားလှပတဲ့ ဆံမြိတ် ဆံရှည်လေးတွေကို လွမ်းဆွတ်လို့နေကြပြီး Lisa ရဲ့ ဆံပင်ကိုလည်း ကျန်းမာလာဖို့ မျှော်လင့်လို့နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x