မင်းသားချော Kim Soo Hyun ရဲ့ လူသိနည်းတဲ့ အကြောင်းအရာလေးများ

မင်းသားချော Kim Soo Hyun ရဲ့ လူသိနည်းတဲ့ အကြောင်းအရာလေးများ

ထိပ်တန်းမင်းသား Kim Soo Hyun ဟာ ချောမောခန့်ညားပြီး ထူးချွန်လွန်းလှတဲ့ သရုပ်ဆောင်မှုစွမ်းရည်တို့ကြောင့် ပရိသတ်အသစ်တွေပါ နေ့စဥ်နဲ့အမျှ တိုးပွားလာတဲ့ ပရိသတ်ချစ် အနုပညာရှင်တစ်ယောက်ပါပဲ။

မင်းသားချောနဲ့ ပတ်သက်တဲ့ တချို့သော အကြောင်းအရာလေးတွေကို ပရိသတ်အချို့က သိရှိပြီးလောက်ပြီဖြစ်ပေမဲ့ မသိသေးတဲ့ ပရိသတ်တွေလည်း အများကြီးရှိနေနိုင်တာကြောင့် Kim Soo Hyun နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Kim Soo Hyun ဟာ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ အကြီးစား ပရောဂျက် ၄ ခုမှာ သရုပ်ဆောင်ထားခဲ့ပြီး ၄ ခု စလုံးမှာ သရုပ်ဆောင်ထူးချွန်ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂။ Kim Soo Hyun ဟာ သူ့ရဲ့ အနုပညာလောက ၁၃ နှစ်တာ သက်တမ်းအတွင်း ဆုအများဆုံးရရှိထားတဲ့ မင်းသားဖြစ်ပါတယ်။

၃။ Kim Soo Hyun ဟာ Dream High မှာ ပါဝင်သရုပ်ဆောင်ရင်း JYP ထုတ်လုပ်ရေးမှာ ၃ လ အကြာ လေ့ကျင့်ခဲ့ဖူးပါတယ်။

၄။ Kim Soo Hyun မှာ “101” မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Kim Ju Na ဆိုတဲ့ ဝမ်းကွဲညီမ တစ်ယောက်ရှိပြီး အခု “The Ark” ရဲ့ အဖွဲ့ဝင်ဖြစ်လို့နေပါပြီ။

၅။ Kim Soo Hyun ဟာ သူ့အဖေလို လှပစွာ သီချင်း သီဆိုနိုင်တဲ့ အရည်အချင်းရှိပါတယ်။

၆။ Kim Soo Hyun ဟာ Song Joong Ki, Nam Ji Hyun, Park Bo Young နဲ့ တခြားသော နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ အနုပညာအလုပ်စတင်ကတည်းက အတူ ပါဝင်ဖျော်ဖြေခဲ့ဖူးပါတယ်။

၇။ Kim Soo Hyun ဟာ bowling ကို ထူးချွန်စွာ ကစားနိုင်ပါတယ်။

၈။ Kim Soo Hyun ဟာ စစ်မှုထမနေစဉ်အတွင်း ၂၀၁၀ ခုနှစ်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

၉။ Kim Soo Hyun ဟာ နာမည်ကျော် အဆိုတော်-မင်းသမီးချော IU နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး IU ရဲ့ “Ending Scene” မှာလည်း အခမဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။

၁၀။ Kim Soo Hyun ဟာ လက်ရှိ သူ့ရဲ့ ဝမ်းကွဲညီမနှင့်အတူ အေဂျင်စီအသစ်တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ လှုပ်ရှားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *