“Hunt” ရုပ်ရှင်ကြည့်ရမှဖြစ်မယ့်အကြောင်း မင်းသား Jung Woo Sung ကို တိုက်ရိုက်စာပို့ခဲ့တဲ့ Snoop Dogg

“Hunt” ရုပ်ရှင်ကြည့်ရမှာဖြစ်မယ့်အကြောင်း မင်းသား Jung Woo Sung ကို တိုက်ရိုက်စာပို့ခဲ့တဲ့ Snoop Dogg

ကမ္ဘာကျော် ဂန္တဝင် rapper ကြီး Snoop Dogg ဟာ မင်းသား Jung Woo Sung ကို Instagram ကတစ်ဆင့် DM (တိုက်ရိုက်မက်ဆေ့ချ်) ပေးပို့ခဲ့ပါတယ်။

ဩဂုတ်လ ၉ ရက်နေ့မှာ Jung Woo Sung ကို Snoop Dogg က “ငါ ဒီဇာတ်ကား ‘Hunt’ ကို ကြည့်ရမယ်!!” ဆိုပြီး တိုက်ရိုက်မက်ဆေ့ဂျ် ပေးပို့ခဲ့ရာမှာ Jung Woo Sung က “Fosho….(ကြိမ်းသေပေါက် ရစေရမယ်) US မှာ ရုံတင်ပြသဖို့ လုပ်ဆောင်နေပါတယ်!” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

“Hunt” ဟာ မြောက်ကိုရီးယား သူလျှိုတာဝန်ယူထားသူကို လိုက်ဖမ်းစဉ် ထိတ်လန့်ဖွယ် အမှန်တရားတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) အေးဂျင့်နှစ်ဦးရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Lee Jung Jae ကပဲ ရိုက်ကူးပြီး အေးဂျင့် Park Pyung Ho အဖြစ် သရုပ်ဆောင်ထားသလို Jung Woo Sung က Kim Jung Do, Park Pyung Ho ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ပြိုင်ဘက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

“Hunt”  ကိုတော့ ၇၅ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတွဲရဲ့ ညသန်းခေါင်ယံပြကွက်အမျိုးအစားမှာ ပထမဆုံး ပြသခဲ့တာပါ။ ဒီဇာတ်ကားကို ဩဂုတ်လ ၁၀ ရက်နေ့မှာ ရုံတင် ပြသသွားတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.