Park Bo Gum, Park Seo Joon, Ji Chang Wook တို့လို ဒိတ်ဒိတ်ကြဲတွေ ပါဝင်သွားမယ့် “Youth MT” ရသစုံရှိုးအသစ်

စတင် ကြေငြာခဲ့ချိန်ကတည်းက အတော်လေးကို ရေပန်းစားနေခဲ့တဲ့ “Youth MT” variety show ကတော့ သူတို့ရဲ့ ပိုစတာသစ်လေးကို ပထမဆုံးအကြိမ် ထုတ်ဝေလိုက်ပါပြီ။

TVING ရဲ့ မူရင်းအစီအစဉ် “Youth MT” ( Kim Seong-yoon မှ စီစဉ်သည်/ ဒါရိုက်တာ Jeong Jong-chan/ TVING မှ ပံ့ပိုးပေးသည်) ဟာ စက်တင်ဘာ ၉ ရက်နေ့မှ စတင်ပြသတော့မှာဖြစ်ပြီး နာမည်ကျော် drama တွေဖြစ်ကြတဲ့ “Love In The Moonlight”, “Itaewon Class” နဲ့ “The Sound Of Magic” တို့မှ သရုပ်ဆောင်တွေ အကုန်လုံးကို ဖန်သားပြင်တစ်ခုထဲမှာ မြင်တွေ့သွားရမယ့် ရှိုးတစ်ခုပါပဲ။

ဒီရှိုးဟာ ဒရာမာများစွာဖြင့် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ PD Kim Seong-yoon မှ စီစဉ်ထားတဲ့ ဖျော်ဖြေရေး အစီအစဥ်တစ်ခုဖြစ်သလို သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ သရုပ်ဆောင်အားလုံးကို ဒီအစီအစဥ်မှာ ထည့်သွင်းခဲ့တာကလည်း ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို အမြင့်ဆုံးအထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

“Youth MT” ရဲ့ အဖွဲ့ဝင်စာရင်း အပြည့်အစုံမှာတော့ Park Bo Gum, Kim Yoo Jung, Jinyoung, Chae Soo Bin, Kwak Dong Yeon (Love In The Moonlight), Park Seo Joon, Ahn Bo Hyun, Kwon Na Ra, Ryu Kyung Soo, Lee Joo Young (Itaewon Class), Ji Chang Wook, Choi Sung Eun, Hwang In Youp, Ji Hye Won, Kim Bo Yoon (The Sound Of Magic) တို့ ပါဝင်လာမှာပါ။

ကြည့်ရှုသူတွေဟာ သူတို့ထင်ထားတာထက် အများကြီး ပိုနီးစပ်မယ့် သရုပ်ဆောင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။ သရုပ်ဆောင် ၁၅ ဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေနဲ့ ဒီရသစုံရှိုးဟာ ပရိသတ်တွေကို ဘယ်လိုမျိုး ဖမ်းစားသွားမှာလဲဆိုတာကို စက်တင်ဘာလထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *

x