သဘာဝကျကျနဲ့ အလှဆုံးပြုံးတတ်ဖို့အတွက် Red Velvet’s Joy ဆီကနေသင်ယူခဲ့တယ်ဆိုတဲ့ ITZY’s Chaeryeong

ITZY ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Chaeryeong ဟာဆိုရင် သူမတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Comeback သီချင်း “Sneakers” ကို တင်ဆက်နိုင်ဖို့အတွက် စီနီယာတစ်ယောက်ဖြစ်တဲ့ Red Velvet အဖွဲ့ဝင် Joy ဆီကနေ အလှဆုံးပြုံးတတ်ဖို့ လေ့လာသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ Chaeryeong က ‘Knowing Brothrers’ အစီအစဉ်မှာ ဖွင့်ဟပြောသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်မှာ တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Super Junior အဖွဲ့ဝင် Heechul က ITZY အနေနဲ့ အခုတစ်ခေါက် Comeback အတွက် ပရိုမိုးရှင်းလုပ်တဲ့အခါမှာ အခက်ခဲဆုံးအရာက ဘာလဲဆိုတဲ့ မေးခွန်းကိုမေးခဲ့ပြီး ဒီအခါမှာတော့ Chaeryeong က သူမအတွက် အခက်ခဲဆုံးက အလှဆုံးပြုံးတတ်ဖို့အတွက် လေ့ကျင့်ခဲ့ရတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အကြောင်းအရင်းကတော့ သူမတို့အဖွဲ့ရဲ့ Comeback သီချင်းတွေအတော်များများဟာ အနည်းငယ်ခက်ထန်တဲ့ပုံစံမျိုးတွေနဲ့ပုံဖော်ထားတာဖြစ်တာကြောင့်လို့ ဆိုပါတယ်။ အဲဒီအခါမှာတော့ အခုနောက်ဆုံးထွက်ရှိထားတဲ့သီချင်းက တက်ကြရွှင်လန်းတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် သွက်သွက်လက်လက်နဲ့ တောက်ပတဲ့အပြုံးတွေကို ဖော်ဆောင်နိုင်ဖို့ဆိုတာက သူမအတွက် ခက်ခဲတဲ့အရာတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ကနေတဲ့အချိန်အတွင်းမှာပဲ အလှပဆုံးပြုံးထားဖို့ဆိုတာက အခက်ခဲဆုံးဖြစ်ခဲ့ပြီး ဒီလိုပြုံးတတ်ဖို့အတွက်ကိုတော့ စီနီယာ Idol တွေရဲ့ ဗီဒီယိုတွေ အများကြီးလေ့လာကြည့်ရှုခဲ့ရကာ အဲဒီအထဲမှာမှ Red Velvet အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Joy ရဲ့အပြုံးက သဘာ၀အဆန်ဆုံးနဲ့ အလှဆုံးဖြစ်တာကြောင့် သူမရဲ့ ဗီဒီယိုတွေကိုတော့အများဆုံးကြည့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *