aespa အဖွဲ့ဝင်တစ်ယောက်နဲ့ အလွန်ရင်းနှီးကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တဲ့ Ryujin

aespa အဖွဲ့ဝင်တွေနဲ့ အလွန်ရင်းနှီးကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တဲ့ Ryujin

ITZY ဟာ JYP ရဲ့ လက်အောက်က မိန်းကလေး အဖွဲ့တစ်ခုဖြစ်ပြီး အဖွဲ့ဝင် ၅ ဦး ပါရှိပါတယ်။ aespa ကတော့ SM Entertainment ရဲ့ လက်အောက်ရှိ အဖွဲ့ဝင် ၄ ဦးပါ မိန်းကလေးအဖွဲ့ပါ။

လက်ရှိအချိန်မှာတော့ အဖွဲ့ နှစ်ဖွဲ့စလုံးဟာ ရေပန်းစားလို့နေပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များထံမှ အခိုင်အမာ ထောက်ခံ အားပေးမှုတွေကိုလည်း ကိုယ်စီ ရရှိထားကြပါတယ်။

ထူးခြားချက်ကတော့ Entertainment ချင်း မတူညီကြတဲ့ အဖွဲ့နှစ်ဖွဲ့က Idol တွေဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလို့နေကြတာပါပဲ။ ဟုတ်ပါတယ်၊ ITZY နဲ့ aespa အဖွဲ့ဝင်တွေဟာ သူငယ်ချင်းတွေ ဖြစ်လို့နေကြတာပါ။

ဒီအချက်ကို ITZY အဖွဲ့ဝင် Ryujin က သူမအကြိုက်ဆုံး K-POP ကြယ်ပွင့်အကြောင်း တိုက်ရိုက်ဗီဒီယိုတစ်ခုမှာ ဖြေကြားခဲ့ရာမှာတော့ ပရိသတ်တွေကလည်း သိရှိခဲ့တာဖြစ်ပြီး တချို့ကတော့ အံ့အားသင့်နေကြပါတယ်။

Ryujin က aespa အဖွဲ့ဝင် အားလုံးနဲ့ သူမရဲ့ ဆက်ဆံရေးအကြောင်းကို မေးမြန်းခဲ့တဲ့ ပရိသတ်ကို တုံ့ပြန်ခဲ့ပါတယ်။ Ryujin က သူမဟာ aespa ရဲ့ Winter, Karina နဲ့ Giselle တို့နဲ့ ရင်းနှီးတယ်လို့ ဖြေကြားခဲ့ပေမဲ့ Ningning နဲ့တော့ သိပ်မရင်းနှီးသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် အဲ့ဒီသုံးယောက်ထဲက အခင်ဆုံး တစ်ယောက်ကို Ryujin က ရွေးမှာလားလို့ မေးခဲ့ရာမှာတော့ သူမရွေးချယ်မှာက Winter ဖြစ်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ITZY နဲ့ aespa တို့ဟာ Music Core မှာ အသံသွင်းချိန်က ဓာတ်လှေကားမှာ အတူတူစီးခဲ့ရတာကြောင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေဖြစ်လာကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *