မင်းသမီးတစ်ဦးနဲ့ တွဲနေကြောင်း သက်သေများနဲ့တကွ ပေါ်ထွက်လာခဲ့တဲ့ Bright

မင်းသမီးတစ်ဦးနဲ့ တွဲနေကြောင်း သက်သေများနဲ့တကွ ပေါ်ထွက်လာခဲ့တဲ့ Bright

မင်းသားချော Bright Vachirawit ဟာ ကမ္ဘာ့ ရေပန်းအစားဆုံး အမျိုးသားသရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်ပါတယ်။ အနုပညာ အသိုင်းအဝန်းမှာ နာမည်ရလာပြီးနောက် Bright ဟာ ကြော်ငြာတွေနဲ့ ရိုက်ကူးရေး ပရောဂျက်တွေအပြင် ဖျော်ဖြေပွဲတွေပါ ဆက်တိုက် ပြုလုပ်နေခဲ့သူပါ။

အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Bright ကတော့ သူ့ရဲ့ချောမောမှုတွေကြောင့် အချစ်ဇာတ်လမ်းများနဲ့ ပတ်သက်လာရာမှာလည်း မည်သည့်မိန်းမနှင့်မှ ဆက်ဆံရေးမရှိနေကြောင်း ပရိသတ်တွေက မြင်တွေ့ထားခဲ့ရပေမဲ့ ဒီတစ်ခေါက် ပေါက်ကြားလာခဲ့တဲ့ အချစ်ရေး သတင်းကတော့ ပရိသတ်တွေကို အသည်းကွဲစေခဲ့ပါပြီ။

အဆိုပါ သတင်းကတော့ မင်းသမီး Ning Chanya Mcclory နဲ့ Bright တို့က ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းပဲဖြစ်ပြီး မီဒီယာများကလည်း အတည်ပြုချက်တွေကို သက်သေနဲ့တကွ တင်ထားခဲ့တာကြောင့် ပရိသတ်တွေလည်း ဝမ်းနည်းနေခဲ့ကြရတာပါ။

ဒီသက်သေပုံတွေနဲ့ သံသယဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ Bright နဲ့ Ning တို့ဟာ တူညီတဲ့ ဓာတ်ပုံများနဲ့ Instagram မှ အပြန်အလှန် မှတ်ချက်များလည်း ပါဝင်လို့နေတာကြောင့် ဒီသတင်းတွေဟာ တစ်ခဏလေးအတွင်းမှာ ပျံ့နှံ့လို့လာခဲ့ပါတော့တယ်။

ဒါ့အပြင် Bright နဲ့ Ning တို့ဟာ သူတို့အမေတွေနဲ့ အတူတူ တွေ့ဆုံရင်း အချိန်အတူတူ ကုန်ဆုံးခဲ့တယ်လို့ ထင်ရတဲ့ ပုံရိပ်တွေကြောင့်လည်း ပရိသတ်အများစုဟာ ဒီသတင်းနဲ့ ပတ်သက်ပြီး ကောလဟာလဆိုတာကို ယုံကြည်ရဖို့ ခက်နေခဲ့တာပါ။

မင်းသမီး Ning Chanya Mcclory ကတော့ အသက် ၂၇ နှစ် အရွယ်ရှိပြီး Bright ထက် ၃ နှစ် ကြီးပါတယ်။ မင်းသမီးဟာ “The Stranded” နဲ့ “Girl From Nowhere” တို့လို နာမည်ကျော် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *