သီချင်းသစ်လေးနဲ့အတူ ဖန်သားပြင်ထက် ပြန်လည်ရောက်ရှိလာတော့မယ့် မင်းသားချော Jang Geun Suk

သီချင်းသစ်လေးနဲ့အတူ ဖန်သားပြင်ထက် ပြန်လည်ရောက်ရှိလာတော့မယ့် မင်းသားချော Jang Geun Suk

မင်းသားချော Jang Geun Suk ကတော့ ပိုမိုရင့်ကျက်တဲ့ အသွင်အပြင်ဖြင့် အဆိုတော်တစ်ဦးအဖြစ် အနုပညာလောကထဲကို တစ်ကျော့ ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။

သြဂုတ်လ ၃၁ ရက်နေ့မှာ တရားဝင်ထွက်ရှိလာမယ့် Jang Geun Suk ရဲ့ တေးသီချင်းအသစ် ‘Beautiful’ အတွက် teaser ဗီဒီယိုလေးကိုတော့ ယနေ့မှာ ချပြလို့လာခဲ့တာပါ။

ဒီသီချင်းမှာ လူတိုင်းဟာ ဒဏ်ရာတွေနဲ့ နာကျင်မှုတွေရှိရင်တောင် လှပပြီး အချစ်နဲ့ ထိုက်တန်ပါတယ်ဆိုတဲ့ စာသား ပါရှိပါတယ်။ အထူးသဖြင့် Jang Geun Suk ကိုယ်တိုင်ရေးစပ်တဲ့ တေးသွားနဲ့ ရော့ခ်ဂီတ အမျိုးအစားလေးပါ။

ထွက်လာတဲ့ Teaser ဗီဒီယိုမှာ Jang Geun Suk ဟာ ယောက်ျားပီသတဲ့ ခန့်ညားမှုကို ထုတ်ဖော်ပြသပြီး ပိုရင့်ကျက်တဲ့ ရုပ်ပုံတွေနဲ့အတူ အိပ်မက်ဆန်တဲ့ ခံစားချက်တွေနဲ့ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ထို့အပြင် အနက်ရောင်နဲ့ အဖြူနောက်ခံဟာ ဗီဒီယိုရဲ့ မက်ဆေ့ချ်ကို ထင်ရှား ပေါ်လွင်စေရန်အတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။

Jang Geun Suk ဟာ သူ့ရဲ့ အေးမြပြီး ပြင်းထန်သော ဆွဲဆောင်မှုတို့ဖြင့် တောက်ပနေခဲ့သလို ဂီတနှင့် တစ်သားတည်းဖြစ်ပုံရတဲ့ လှပတဲ့ အကလိုင်းကို ပြသပြီး အဓိပ္ပါယ်ရှိတဲ့ မက်ဆေ့ခ်ျကို စိတ်နှလုံးအကြွင်းမဲ့ ဖော်ပြထားပါတယ်။

Jang Geun Suk ရဲ့ album အသစ် “Beautiful” ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပြီး title track လေးအပြင် “Goes on” နဲ့ “All right!!” အစရှိတဲ့ သီချင်းများကိုလည်း နားဆင်နိုင်မှာပါ။

Leave a Reply

Your email address will not be published.