Bright Vachirawait နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းဖြန့်ဝေသူတွေကို ပြင်းပြင်းထန်ထန်တရားစွဲဆိုအရေးယူသွားမှာဖြစ်ကြောင်း GMMTV မှထုတ်ပြန်ကြေညာ
Bright Vachirawit နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းဖြန့်ဝေသူတွေကို ပြင်းပြင်းထန်ထန်တရားစွဲဆိုအရေးယူသွားမှာဖြစ်ကြောင်း GMMTV မှထုတ်ပြန်ကြေညာ
လက်ရှိလူငယ်ပရိသတ်တွေအကြားထဲမှာ လူကြိုက်များရေပန်းစားလျက်ရှိတဲ့ ထိုင်းမင်းသား Bright Vachirawit နဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီဖြစ်တဲ့ GMMTV ဘက်ကနေ ဩဂုတ်လ ၁၁ ရက်နေ့တုန်းက ကြေညာချက်တစ်ခုကိုထုတ်ပြန်ပေးခဲ့ပါတယ်။
အဲဒါကတော့ Bright ရဲ့ပုံရိပ်တွေကို အသုံးပြုပြီး မဟုတ်မမှန်သတင်းတွေကိုလုပ်ကြံထုတ်ပြန်သူတွေ၊ Bright ရဲ့ဂုဏ်သိက္ခာကို ထိပါးလျော့ကျအောင် ဖန်တီးတိုက်ခိုက်သူတွေအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်ဆိုတာပါပဲ။
Bright ဟာဆိုရင် လတ်တလောအချိန်ကာလအတွင်းမှာ အောင်မြင်မှုတွေမြင့်တက်လာတာနဲ့အမျှ စောင့်ကြည့်ဝေဖန်သူတွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း အနည်းနဲ့အများဆိုသလိုရရှိနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင် နာမည်ကြီးမင်းသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ဖူးပြီး လတ်တလောမှာလည်း သူနဲ့အတူ အလုပ်တွဲလုပ်တဲ့မင်းသမီးတစ်လက်နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတ်မှတ်စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ပရိသတ်တွေအနေနဲ့ကတော့ Bright အတွက် GMMTV ဘက်ကနေ အခုလိုရပ်တည်ကာကွယ်ပေးလိုက်တာနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့မှတ်ချက်တွေပေးထားကြတာကို တွေ့ရပါတယ်။
Source : GMMTV
Nemo