သူမရဲ့ကြောင်လေးကိုခေါ်ဆောင်ပြီး အိမ်နီးနားချင်းရဲ့အခန်းမှာ သောင်းကျန်းနေတဲ့ကြွက်ကို ကူညီဖမ်းပေးခဲ့ဖူးတဲ့ Lee Se Young

“Red Sleeve” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့သူ မင်းသမီး Lee Se Young ဟာဆိုရင် သူမအနေနဲ့ အိမ်နီးချင်းရဲ့ နေအိမ်တိုက်ခန်းမှာသောင်းကျန်းနေတဲ့ ကြွက်တစ်ကောင်ကို ကူညီဖမ်းဆီးပေးဖို့အတွက် သူမ မွေးထားတဲ့ကြောင်လေးကိုခေါ်ဆောင်ပြီး သွားခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Lee Se Young က သူမတို့အေဂျင်စီရဲ့ YouTube Channel ကနေတင်ဆက်ပေးထားတဲ့ ဗီဒီယိုတစ်ခုမှာ ဖွင့်ဟပြောသွားခဲ့တာဖြစ်ပြီး ယင်းဗီဒီယိုမှာဆိုရင်တော့ သူမက အင်စတာဂရမ်ကနေတစ်ဆင့်မေးမြန်းလာတဲ့ မေးခွန်းပေါင်းများစွာကို ဖြေဆိုပေးသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါမေးခွန်းတွေထဲမှာပါဝင်တဲ့ “သူမအနေနဲ့ ယခင်တုန်းက အိမ်နီးချင်းဆက်သွယ်ရေးအက်ပလီကေးရှင်းတွေကို အသုံးပြုခဲ့ဖူးသလား” ဆိုတဲ့ မေးခွန်းကိုတော့ Lee Se Young က အခုလိုမျိုးဖြေဆိုသွားခဲ့တာကိုတွေ့ရပါတယ်။
“ဒါပေါ့ သုံးဖူးတာပေါ့ …. တစ်ခါတုန်းကဆိုရင် အိမ်နီးချင်းတစ်ယောက်က သူ့အိမ်မှာ ကြွက်တစ်ကောင်သောင်းကျန်းနေလို့ အိပ်လို့မရဘူးဆိုပြီး အပ်ပလီကေးရှင်းမှာ ရေးလာတော့ ကျွန်မကလည်း အဝတ်လျှော်စက်အောက်မှာရှိနေတဲ့အဲဒီကြွက်ကို ကူဖမ်းပေးဖို့ဆိုပြီး သူ့အိမ်ကိုသွားခဲ့ဖူးတယ် … အဲဒီလို သွားတော့လည်း အကူအညီဖြစ်အောင်ဆိုပြီး ကျွန်မရဲ့ကြောင်လေးကို ခေါ်သွားခဲ့ရသေးတာ ….. နောက်ပြီး အဲဒီလိုအက်ပလီကေးရှင်းအသုံးပြုပြီးတော့လည်း ကျွန်မရဲ့အိမ်ဧည့်ခန်းအတွက် ဆိုဖာဆက်တီတစ်စုံဝယ်ခဲ့ဖူးသေးတယ်ရှင့်” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။
Lee Se Young ရဲ့ဒီလိုမျိုးဖွင့်ဟပြောပြမှုကို မြင်တွေ့ပြီးနောက်မှာတော့ ပရိသတ်တွေက ကြောင်ထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး အိမ်နီးချင်းရဲ့နေအိမ်တိုက်ခန်းဆီ ရောက်ရှိသွားတဲ့ သူမရဲ့ပုံစံကလည်း မြင်ယောင်လိုက်တာနဲ့တင် ချစ်စရာကောင်းစရာကောင်းသလို ရယ်စရာလည်းကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကိုပေးခဲ့ကြတာ တွေ့ရပါတယ်။
Ref : SBS Star
Nemo