စိတ်ကူးယဉ်သိပ္ပံဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတဲ့ Joo Ji Hoon နဲ့ Han Hyo Joo

လတ်တလောရက်ပိုင်းအတွင်းမှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Han Hyo Joo တို့ဟာဆိုရင် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲအသစ်တစ်ခုဖြစ်တဲ့ “Dominion” မှာ အတူပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်ဆိုတာပါပဲ။
ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် ဒီဇာတ်လမ်းတွဲကိုရေးသားဖန်တီးထားတဲ့သူက Lee Soo Yeon ဖြစ်ပြီး သူဟာဆိုရင် အရင်တုန်းက “Secret Forest”, “Grid” နဲ့ “Stranger” ဇာတ်ကားတို့ကို ရေးသားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ Joo Ji Hoon အနေနဲ့ အဆိုပါကမ်းလှမ်းမှုကို လက်သင့်ခံထားပြီးဖြစ်တယ်ဆိုပေမယ့်လည်း Han Hyo Joo ဘက်ကတော့ စဉ်းစားနေဆဲရှိကာ လက်ခံရိုက်ကူးဖို့အတွက်ကိုတော့ အတည်ပြုပေးထားခြင်းမရှိသေးပါဘူး။
ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကိုတော့ ဒီနှစ်ထဲမှာပဲ ပြုလုပ်သွားမှာဖြစ်ပြီး ဇာတ်ကားကို နှစ်ကုန်ပိုင်း (သို့မဟုတ်) လာမယ့်နှစ်အစပိုင်းလောက်မှာ ပြသသွားနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Ref : GStarLive
Nemo