မူလစျေးထက် တန်ဖိုးနှစ်ဆမြင့်တက်နေပြီဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့နှစ်ယောက်အတူနေထိုင်ခဲ့ဖူးတဲ့အိမ်

ပြီးခဲ့တဲ့ရက်ပိုင်းတုန်း စီးပွားရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Money Today ကနေ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်ခဲ့ဖူးတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ကြင်စဦးအချိန်တုန်းက အတူတူနေထိုင်ခဲ့ကြတဲ့အိမ်နဲ့ပတ်သက်ပြီး သတင်းတစ်ခုထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီအိမ်ကတော့ ဆိုးလ်မြို့ရဲ့အချက်အချာနေရာတစ်ခုဖြစ်တဲ့ အီထယ်ဝန်မှာတည်ရှိတာဖြစ်ပြီး အဆိုပါအိမ်ကို Song Joong Ki က ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းက ဝမ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၇.၆၄ မီလီယံ) နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ မြေအောက်ထပ် ၃ ထပ်အပါအဝင် စုစုပေါင်း ၅ ထပ်ရှိတဲ့ ယင်းအိမ်ရဲ့တန်ဖိုးဟာ ဝမ် ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၁၅.၂၉ မီလီယံ) ရှိနေပြီဖြစ်တာကြောင့် Song Joong Ki ဝယ်ယူခဲ့စဉ်တုန်းက တန်ဖိုးထက် နှစ်ဆမြင့်တက်နေပြီဖြစ်တာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း Song Joong Ki နဲ့ Song Hye Kyo တို့ကွာရှင်းပြီးတဲ့အချိန်ကနေ ဒီနေ့အထိတိုင် နှစ်အတော်ကြာမြင့်သည်အထိ အဲဒီအိမ်မှာ လူနေထိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Song Joong Ki ဟာ အီထယ်ဝန်မှာရှိတဲ့ အဆိုပါ ဝမ် ၂၀ ဘီလီယံတန်ဖိုးရှိတဲ့အိမ်အပြင် Eterno Cheongdam မှာလည်း ဝမ် ၁၅ ဘီလီယံတန်ဖိုးရှိ အိမ်တစ်လုံးနဲ့ ဟာဝိုင်ရီမှာလည်း ဝမ် ၂.၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုတစ်ခန်းကိုပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *