Jooy ရဲ့ကိုယ်ဝန်ကြောင့် လှေကား အဆင်းအတက်တွေကို သူကိုယ်တိုင် ဂရုစိုက်ပေးနေတဲ့ DJ Push

Jooy ရဲ့ကိုယ်ဝန်ကြောင့် လှေကား အဆင်းအတက်တွေကို သူကိုယ်တိုင် ဂရုစိုက်ပေးနေတဲ့ DJ Push

မင်းသားချော DJ Push နဲ့ မင်းသမီး Jooy Warattaya တို့ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ ထိုင်းအနုပညာရှင် စုံတွဲတစ်တွဲပါ။

လက်တွဲပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို တည်ဆောက်ထားနိုင်တဲ့ စုံတွဲလေးဟာ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ပရိသတ်တွေအား ကြွားလုံးထုတ်လာခဲ့တဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုလေးတွေ အမြဲပြသနေတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဇနီးဖြစ်သူ Jooy နဲ့ အတူနေထိုင်ရင်း DJ Push ဟာလည်း ဇနီးမောင်နှံဘဝရဲ့ ပျော်ရွှင်မှုတွေကို အပြည့်အဝ ခံစားနေရပြီး ကိုယ့်ကို နားလည်ပေးတဲ့ အမျိုးသမီးတစ်ဦးကြောင့် မင်းသားချောရဲ့ဘဝဟာလည်း နှစ်ဆ ပျော်ရွှင်နေရတယ်ဆိုတာ ထင်ရှားပါတယ်။

အထူးသဖြင့် မင်းသမီး Jooy ရဲ့ သားဦးလေး ကိုယ်ဝန်ကြောင့် သူတို့ ဇနီးမောင်နှံကို ပိုလို့တောင် ပျော်ရွှင်စေခဲ့ပါတယ်။ Jooy ကိုယ်ဝန် ရင့်မာလာကတည်းက Push ဟာ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ဖြည့်ဆည်းပေးနေခဲ့ပြီး သူ့ဇနီးရဲ့ အနီးဆုံးကနေ ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့တာကို သတိပြုမိခဲ့ရပါတယ်။

မကြာသေးမီက Push ရဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံများ အများအပြား ထွက်ပေါ်လာခဲ့ပြီး မင်းသားချောဟာ Jooy မှာ ကိုယ်ဝန်ရှိနေပြီဖြစ်တာကြောင့် ဇနီးဖြစ်သူကို လှေကားထစ်များပေါ်မှာ ဂရုတစိုက် လက်တွဲဆင်းကူစေခဲ့တာက လူအများရဲ့ ချစ်ခင်လေးစားမှုတွေကို ရရှိစေခဲ့ပ့တယ်။

Jooy ရဲ့ ခြေလှမ်းတိုင်းလိုလိုကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေပေးခဲ့တဲ့ DJ Push လို ခင်ပွန်းကောင်းတစ်ယောက် ရရှိထားတဲ့အတွက်လည်း မင်းသမီးကို လူအများက အရမ်းအားကျနေခဲ့ရပြီး ဝမ်းသာကြည်နူးစေခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x