ပလတ်စတစ် လတ်ဝတ်ရတနာလေးနဲ့တောင် တောက်ပနေဆဲဖြစ်တဲ့ Song Hye Kyo ရဲ့အလှ

မကြာသေးမီက မင်းသမီး Song Hye Kyo နဲ့ သူငယ်ချင်းများဟာ “The Glory” ဇာတ်လမ်း ရိုက်ကူးပြီးစီးတဲ့ နောက်ဆုံးပိတ်ပွဲအတွက် အတူတကွတွေ့ဆုံခဲ့ကြပါတယ်။ သူတို့ရဲ့ လူမှုကွန်ယက်မှာ တင်ထားတဲ့ ပုံရိပ်တွေကြောင့်လည်း မင်းသမီးချောရဲ့ အလှကို ပရိသတ်တွေက သဘောကျနေကြပါတယ်။

Song Hye Kyo ဟာ သတို့သမီးအရုပ်အတွက် ထုတ်လုပ်ထားတဲ့ ပလတ်စတစ် လက်ဝတ်ရတနာများကို ၀တ်ဆင်ထားခဲ့သော်လည်း သူမရဲ့အလှကို မထိခိုက်စေခဲ့သလို ဆန့်ကျင်ဘက်အားဖြင့် ပိုပြီးတော့တောင်မှ လိုက်ဖက်လှပ တောက်ပြောင်နေသေးတာကို တွေ့မြင်ခဲ့ရတာပါ။

မင်းသမီးရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း “သူမက ပလပ်စတစ် ဝတ်ထားပေမဲ့ Song Hye Kyo က မင်းသမီးတစ်ယောက်လို လှပနေဆဲပါ” လို့ Song Hye Kyo ရဲ့ အလှတရားတွေကို အရွှန်းဖောက်ခဲ့ပါတယ်။

မင်းသမီး Song Hye Kyo ဟာ ဇာတ်လမ်းသစ်မှာ အချိန်ဇယားဆွဲဖို့ ထုတ်လုပ်သူတွေ ခဏလောက် အလုပ်ရှုပ်နေတာကြောင့် ဒီအခွင့်အရေးကို အရယူပြီး သူငယ်ချင်းတွေနဲ့ ခရီးတွေထွက်တာအပါအဝင် ပါတီတွေနဲ့ အပန်းဖြေဖို့ အချိန်ပေးခဲ့ပါတယ်။

Song Hye Kyo ဟာ Netflix က ရိုက်ကူးထုတ်လွှင့်မယ့် “The Glory” ဇာတ်လမ်းတွဲမှာ တွဲဖက် မင်းသားချော Lee Do Hyun နဲ့ ပါဝင်လာမှာဖြစ်ပြီး ကျောင်းတွင်း အနိုင်ကျင့်မှုတွေနဲ့ ပြန်လည် ကလဲ့စားချေသွားမယ့် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့မြင်သွားရမှာပါ။

Leave a Reply

Your email address will not be published.