Boy Pakorn နဲ့ ချစ်ကြိုက်မိခဲ့ပုံကို ပြောပြလာခဲ့တဲ့ Fayefaye
Boy Pakorn နဲ့ ချစ်ကြိုက်မိခဲ့ပုံကို ပြောပြလာခဲ့တဲ့ Fayefaye
Boy Pakorn နဲ့ Fayefaye တို့ဟာ သူတို့စုံတွဲရဲ့ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေးနဲ့ လိုက်ဖက်ညီမှုတို့ကြောင့် ပရိသတ်တွေရဲ့ အချစ်ခံ စုံတွဲလေးလည်းဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ပေးတတ်ကြပြီး Boy နဲ့ Fayefaye နှစ်ယောက်စလုံးဟာ လက်ရှိမှာလည်း အရမ်းကို ပျော်ရွှင်နေပုံရသလို အထူးသဖြင့် ချစ်စဖွယ် အတွဲဓာတ်ပုံလေးတွေကို မကြာခဏဆိုသလို ပရိသတ်တွေကို ချပြထားခဲ့ပါတယ်။
Fayefaye က သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ “ပထမဆုံး ယောက်ျားလေးနဲ့ အရမ်းရင်းနှီးလာခဲ့တာ Boy က ပထမဆုံးပါပဲ။ အလုပ်ကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရပြီး နှုတ်ဆက်စကား စပြောဖြစ်ခဲ့ကြတယ်။”
“အဲ့နောက်မှာလည်း အခွင့်ရှိရင် နည်းနည်း ပိုစကားပြောခဲ့ရတာဆိုတော့ သူငယ်ချင်းအုပ်စုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အများကြီးသိလာရတယ်။ ကျွန်မ မမျှော်လင့်ထားတဲ့အရာက Boy က အရမ်းရိုးသားတယ်၊ မယုံနိုင်လောက်အောင်ကိုပါပဲ။”
“ပွင့်ပွင့်လင်းလင်းပြောရရင် သူ ကျွန်မကို သူ့ဘဝအကြောင်းတွေကိုပါ ပြောပြလာခဲ့တယ်။ အဲ့ဒီအချိန်မှာ သူ ကျွန်မကို ဘယ်လိုသဘောထလဲဆိုတာကို အရမ်းသိချင်နေခဲ့တာ။ ဒီလိုရိုးသားတဲ့လူကို တစ်ခါမှ မတွေ့ဖူးတဲ့အတွက်လည်း အံ့သြမိပါတယ်။”
“နောက်ပြီး သူက နာမည်ကြီးမင်းသား Boy ဖြစ်နေတဲ့ အချက်ကလည်း ကျွန်မကို စိတ်ဝင်စားစပြုလာသလို ခံစားလာရစေမယ့် အချက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ ကျွန်မ သူ့ကို ကြွေသွားပါလေရော။” လို့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖွင့်ဟသွားခဲ့ပါတယ်။