“အနာဂတ်မှာ ဘာလုပ်ရမလဲမသိပါဘူး” လို့ ဆိုလာခဲ့တဲ့ BIGBANG အဖွဲ့ဝင် Daesung

“အနာဂတ်မှာ ဘာလုပ်ရမလဲမသိပါဘူး” လို့ ဆိုလာခဲ့တဲ့ BIGBANG အဖွဲ့ဝင် Daesung

BIGBANG အဖွဲ့ဝင် Daesung ကတော့ သူ့ရဲ့ လတ်တလော အခြေအနေတွေကို ပြောပြခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်နေ့က Daesung ဟာ သူ့ရဲ့ YouTube channel “D’splay” မှာ  “Dterview ㅣD’splay’s comeback!? ㅣWe asked everything” ဆိုတဲ့ ခေါင်းစဥ်နဲ့ video လေးတစ်ခုကို တင်ထားခဲ့ပါတယ်။

ထွက်လာတဲ့ ဗီဒီယိုမှာ Daesung က သူ့ရဲ့ လက်ရှိဘဝအကြောင်းကို “ကျွန်တော် အနားယူနေပါတယ်။ ဘာမှစဉ်းစားစရာမလိုဘဲ အနားယူချင်တယ်” လို့ ဆိုပါတယ်။ “ဘာမှ မစဉ်းစားဘဲ ငါ တကယ် အနားယူနေတယ်။”

ဘဝဆိုတာ ဘယ်လိုထင်လဲလို့ မေးတဲ့အခါ သူက “ဘဝအကြောင်း ငါတို့သိတယ်လို့ ထင်ခဲ့ကြတယ်၊ ဒါပေမယ့်  ငါတို့မသိပါဘူး” လို့ ပြောကြားလျက် “မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်ပြီး ဆောက်လုပ်နေရတဲ့ အရာလို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ဖြေကြားသွားပါတယ်။

မကြာသေးမီကမှ ရိုက်ထားတဲ့ ဗီဒီယိုတွေရှိလားလို့ မေးမြန်းခဲ့ရာ“ကျွန်တော် အခုထိ ဘာမှ မရိုက်ရသေးပါဘူး။ အနာဂတ်မှာ ဘာလုပ်ရမှန်းမသိဘူး” လို့ ဝန်ခံခဲ့ပြီး”ငါကဘာလဲ၊ D’splay ဆိုတာဘာလဲ” ဆိုတာတောင် မသိတော့ပါဘူး။ ဆိုတာတောင် မသိတော့ပါဘူး။

နောက်ဆုံးမှာတော့ Daesung က “ငါအချိန်တန်ရင် ကိုယ့်ကိုကိုယ် ထားခဲ့ချင်တယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်” လို့ ပြောကြားရင်း video လေးကို အဆုံးသတ်သွားခဲ့ပါတော့တယ်။

Daesung ဟာ ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ကာ ၂၀၀၆ ခုနှစ်မှာ BIGBANG နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ YouTube channel “D’splay” ကို subscriber 449,000 ဖြင့် လည်ပတ်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *