တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့တာ ၁၀ နှစ်ကြာပြီဖြစ်တဲ့ “Big Mouth” ရဲ့စုံတွဲ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ်ဝေခဲ့တဲ့ ကိုရီးယား မဂ္ဂဇင်း ELLE နှင့် အဆိုတော် မင်းသမီး Yoona တို့ရဲ့ အင်တာဗျူးတစ်ခုမှာ မင်းသား Lee Jong Suk နဲ့ သူမရဲ့ ဆက်ဆံရေးကို မင်းသမီးက ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။

Yoona ဟာ Lee Jong Suk ကို အလွန်ချီးကျူးခဲ့ဖူးသူပါ။ မှတ်မှတ်ရရ ၂၀၁၆ ခုနှစ်မှာ Yoona နဲ့ Lee Jong Suk တို့ဟာ MBC ဒရာမာဆုပေးပွဲ၌ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့အချိန်က Lee Jong Suk ဟာ ဆုရရှိခဲ့တာပါ။ Yoona နဲ့ Im Siwan တို့ကတော့ ဆုချီးမြှင့်ခဲ့သူတွေဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်က ကြယ်ပွင့်နှစ်ဦးဟာ ဆုပေးပွဲ စင်မြင့်ထက်မှာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ခဲ့ကြပြီး “ကျွန်မက သူ့ကို ဂုဏ်ပြုပေးတဲ့အခါ သူက ကျေးဇူးတင်ပါတယ်။ ကျွန်မက အရမ်းလှပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

“အဲ့ဒီတုန်းကတော့ ကျွန်မ အံ့သြသွားပြီး မတုန့်ပြန်မိခဲ့ဘဲ ဘယ်လိုတုံ့ပြန်ရမှန်းမသိတဲ့အတွက် အခုဒီနေရာလေးမှာ ကျွန်မကို လှတယ်လို့ ပြောတဲ့အတွက် Lee Jong Suk ကို ကျေးဇူးတင်ချင်ပါတယ်။” လို့ Yoona က ရယ်မောလျက် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Yoona ရဲ့ ပြောကြားချက်အရ Yoona နဲ့ Lee Jong Suk တို့ဟာ သိကျွမ်းလာခဲ့တာ ၁၀ နှစ်လောက် ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်က သူငယ်ချင်းတစ်စုနဲ့လည်း အတူတူ ဓာတ်ပုံရိုက်ခဲ့ဖူးပြီး မေးထူးခေါ်ပြော ရှိခဲ့ကြပြီး အခုတော့ “Big Mouth” မှာ အတွဲညီညီနဲ့ ပရိသတ်တွေကို ဖမ်းစားထားခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x