လာမယ့် ရက်အနည်းငယ်မှာ ဇာတ်သိမ်းသွားတော့မယ့် “ရှေ့နေဝူယောင်းဝူ”

လာမယ့် ရက်အနည်းငယ်မှာ ဇာတ်သိမ်းသွားတော့မယ့် “ရှေ့နေဝူယောင်းဝူ”

ENA ရဲ့ နာမည်ကျော် ဒရာမာ “Extraordinary Attorney Woo” ဟာ ဇာတ်သိမ်းဖို့ နီးကပ်လာတာနဲ့အတူ ရိုက်ကူးရေး နောက်ကွယ်မှ ကြယ်ပွင့်များရဲ့ ပျော်ရွှင်ဖွယ် ပုံရိပ်တွေကို မျှဝေလို့လာခဲ့ပါတယ်။

“Extraordinary Attorney Woo” ဟာ ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ autism spectrum ဝေဒနာရှင် လူငယ်ရှေ့နေလေး Woo Young Woo ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

သူမရဲ့ IQ 164 နဲ့အတူ စွဲမက်ဖွယ်မှတ်ဉာဏ်၊ တီထွင်ကြံဆမှု လုပ်ငန်းစဉ်တို့ကြောင့် ထူးချွန်တဲ့ ဝူယောင်းဝူဟာ ကောလိပ်နှင့် ဥပဒေကျောင်းနှစ်ခုစလုံးအတွက် ကျော်ကြားသော ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ထိပ်တန်း ဘွဲ့ရခဲ့သူပါ။ သို့ပေမဲ့လည်း လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါတော့တယ်။

အခုဆိုရင် ဒီ drama လေးဟာ နောက်ဆုံး အပိုင်းနှစ်ပိုင်းသာ ကျန်ရှိတော့ပြီး နံပါတ်တစ် အကျော်ကြားဆုံး ဒရာမာအဖြစ် ခြောက်ပတ်ဆက်တိုက် အထင်ကြီးလောက်စရာ ကြည့်ရှုနှုန်းတဲ့ အဆင့်သတ်မှတ်ချက်တို့ကိုလည်း Park Eun Bin ရဲ့ အံ့မခန်း စွမ်းဆောင်ရည်တို့ကြောင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးထားနိုင်ခဲ့ပါပြီ။

“Extraordinary Attorney Woo” ရဲ့ ထုတ်လုပ်သူများက “Jeju ကျွန်းခရီးစဉ်ဟာ Woo Young Woo၊ Lee Jun Ho နဲ့ Hanbada က အခြားလူများအားလုံးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေကိုလည်း ရင်ဆိုင်ရပါမယ်။ ကျေးဇူးပြုပြီး သူတို့ရဲ့ဆက်ဆံရေးမှာ ဖရိုဖရဲဖြစ်နေတဲ့ စိတ်ခံစားမှုတွေနဲ့ ပဋိပက္ခတွေကြားက ထွက်ပေါ်လာမယ့် ဇာတ်လမ်းသစ်ကို စောင့်ကြည့်ပါ။” လို့ အဆိုပြုထားခဲ့ပါတယ်။

“Extraordinary Attorney Woo” ရဲ့ နောက်ဆုံး အပိုင်းနှစ်ပိုင်းကိုတော့ သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး ဒီဒရာမလေးကို စိတ်ရောကိုယ်ပါ နစ်မြုပ်ပြီး ကြည့်ရှုခဲ့သူ ပရိသတ်တွေအဖို့တော့ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ ကျန်ရစ်ခဲ့ရမလဲဆိုတာ ဆက်လက်စောင့်မျှော်သွားရပါတော့မယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *