အစိုးရထောက်ပံ့ကြေးငွေကိုသုံးစွဲပြီး နေထိုင်ဖြတ်သန်းခဲ့ရဖူးတဲ့ Kang Tae Oh

“Extraordinary Attorney Woo” ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးမင်းသားတစ်လက်အဖြစ်ကိုရောက်ရှိလာတဲ့ Kang Tae Oh ဟာဆိုရင် လက်ရှိအချိန်မှာတော့ လူအများအားကျစရာကောင်းတဲ့ ပန်းခင်းလမ်းကိုလျှောက်လှမ်းနေရပြီဆိုပေမယ့်လည်း တစ်ချိန်တုန်းကတော့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကိုလျှောက်ခဲ့ရဖူးသူဖြစ်ပါတယ်။

Kang Tae Oh ရဲ့ ဖွင့်ဟပြောပြမှုအရတော့ သူဟာ ငယ်စဉ်အရွယ်တုန်းက နေထိုင်စားသောက်ဖို့အတွက် ခက်ခဲလွန်းတာကြောင့် ဆင်းရဲတဲ့မိသားစုမှ ကလေးငယ်တွေကို အစိုးရဘက်မှထောက်ပံ့ပေးတဲ့ငွေကြေးနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက အစားအသောက်ဝယ်ယူဖို့ အစိုးရမှ တစ်နေ့ကို ဝမ် ၃၅၀၀ ပေးခဲ့တယ်ဆိုပေမယ့်လည်း ဒီပမာဏဟာ တစ်နေ့တာစားသောက်နိုင်ဖို့အတွက်ကတော့ လုံလောက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလိုကြမ်းတမ်းမှုတွေကို ရင်ဆိုင််ခဲ့ရပေမယ့်လည်း Kang Tae Oh ဟာ သူ့ရဲ့နေ့ရက်တွေကို အတောက်ပဆုံးအပြုံးတွေနဲ့ဖြတ်သန်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ အနုပညာနယ်ပယ်ထဲကိုဝင်ရောက်ခဲ့ကာ သူ့ရဲ့အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာနိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း “Extraordinary Attorney Woo” မပြသခင်အချိန်ထိ သူဟာ လူအများရဲ့စိတ်ဝင်စားမှုကို ရသင့်သလောက်မရရှိခဲ့ဘဲ ယင်းဇာတ်လမ်းတွဲပြသပြီးချိန်မှသာလျှင် သူ့ရဲ့အောင်မြင်မှုတွေက ကြောက်ခမန်းလိလိဆိုသလို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *