ဂန္တဝင် K-Drama “Stairway to Heaven” က အဓိကဇာတ်ဆောင်တွေရဲ့ လက်ရှိဘဝ
ဂန္တဝင် K-Drama “Stairway to Heaven” က အဓိကဇာတ်ဆောင်တွေရဲ့ လက်ရှိဘဝ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်ကျော်က အလွန်ရေပန်းစားခဲ့တဲ့ “Stairway to Heaven” ကို ကိုရီးယားဒရာမာပရိသတ်အများစုကလည်း ကြားဖူးနားဝရှိကြမှာပါ။
ပရိသတ်တွေများစွာကို မျက်ရည်ကျစေခဲ့တဲ့ အချစ်ဇာတ်လမ်းဟာ နိုင်ငံတကာမှာ ပထမဆုံး အောင်မြင်သွားခဲ့တဲ့ ဂန္တဝင် K-Drama လည်းဖြစ်ခဲ့သလို အဲ့ဒီခေတ်က ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခွင့်ကို နိုင်ငံအများအပြားက ဝယ်ယူခဲ့ကြရတဲ့အထိ နာမည်ကျော်ကြားခဲ့ပါတယ်။
ဒီလိုမျိုး ဂန္တဝင်တွင်ခဲ့တဲ့ သမိုင်းဝင် K-Drama မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အဓိကဇာတ်ဆောင် ၄ ဦး ရှိခဲ့ပြီး သူတို့တွေရဲ့ လက်ရှိဘဝဖြတ်သန်းပုံနဲ့ အခြေအနေတို့ကိုလည်း ပရိသတ်တွေကို ဝေမျှပေးသွားချင်ပါတယ်။
1. Kwon Sang Woo
မင်းသားချောဟာ ၂၀၂၂ မှာ ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကြီး အပါအဝင် သူပါဝင်ထားတဲ့ ဇာတ်လမ်းသစ်များစွာကို ထွက်ရှိလာဖို့ရှိနေသေစတာကြောင့် ယနေ့တိုင် အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။
Kwon Sang Woo ရဲ့ နောက်ဆုံးထွက် ဒရာမာကတော့ ” Delayed Justice ” ပါ။ Kwon Sang Woo ဟာ ၂၀၀၈ ခုနှစ်မှာတော့ မင်းသမီး Son Tae Young နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားထားနိုင်ခဲ့ပါတယ်။
2. Choi Ji Woo
မင်းသမီးချောကတော့ အနုပညာလောကထဲက မဟုတ်တဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်ကတည်းက အနုပညာလောကကနေ ခဏတာ ရပ်နားထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ မေလမှာတော့ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။
ကလေးမွေးဖွားပြီးနောက် Choi Ji Woo ဟာ အနုပညာလောကသို့ ပြန်လည်ဝင်ရောက်လာပြီး “Crash Landing On You” ရဲ့ ဇာတ်ဝင်ခန်းမှာ ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သလို ၂၀၂၁ ခုနှစ်မှာလည်း “Goosebumps” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိထားခဲ့ပါတယ်။
3. Shin Hyun Joon
ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Hyun Joon ကတော့ ယနေ့အချိန်အထိ သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
မင်းသားဟာ ၂၀၁၃ ခုနှစ်မှာ Kim Kyung Mi နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၃ ယောက် ပိုင်ဆိုင်ထားခဲ့ပါတယ်။
4. Kim Tae Hee
ယနေ့ချိန်ထိတိုင် ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်နေဆဲ Kim Tae Hee ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်း အနုပညာလောကမှာလည်း သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိချိန်ထိတိုင် အဓိကဇာတ်ဆောင်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ရေပန်းစားနေဆဲပါ။
လက်ရှိမှာတော့ ကလေးနှစ်ယောက်မိခင် မင်းသမီးချောဟာ နာမည်ကြီး အဆိုတော်-မင်းသား Rain နဲ့ လက်ထပ်ခဲ့သူဖြစ်ပြီး ယနေ့ချိန်ထိ ကိုရီးယားရဲ့ တန်ကြေးပြီး မင်းသမီးများစာရင်းမှာ ပါဝင်လို့နေပါတယ်။