၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုအများဆုံး မင်းသမီးများ

၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုအများဆုံး မင်းသမီးများ

တရုတ် ဖျော်ဖြေရေးနဲ့ပတ်သက်လာရင် အလှအပ၊ သရုပ်ဆောင်စွမ်းရည်နဲ့ နာမည်ဂုဏ်သတင်းတွေ အပြိုင်အဆိုင် သတင်းမွှေးနေကြတဲ့ နာမည်ကြီး မင်းသမီးတွေ အများအပြားရှိကြပြီး ထိပ်တန်းအဆင့် မင်းသမီးတွေလည်း အမြောက်အများ ရှိလို့နေပါတယ်။

အဲဒီအထဲမှာမှ တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုအများဆုံး ထိပ်တန်းမင်းသမီးတွေကတော့ ၂၀၂၂ ခုနှစ်အတွက် စာရင်းထွက်ရှိလို့လာပြီဖြစ်ပြီး ဒီမင်းသမီးချောတွေဟာ အနုပညာနယ်ပယ်မှာလည်း အလွန်ရေပန်းစားသူတွေဖြစ်ကြပါတယ်။

၁။ Fan Bingbing

မင်းသမီးချော Fan Bingbing ကတော့ ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့အတူ အချမ်းသားဆုံး မင်းသမီးဖြစ်ခဲ့ပါတယ်။

၂။ Yang Mi

ထိပ်တန်း မင်းသမီးချော Yang Mi ဟာလည်း အသားတင် ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၁၅ သန်းလောက်ရှိနေသလို စုစုပေါင်း ကြွယ်ဝမှုကလည်း ဒေါ်လာ သန်း ၈၀ နီးပါးရှိပါတယ်။

၃။ Angelababy

မင်းသမီးချော Angelababy ဟာလည်း ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ သန်း ၅၀ ရှိပါတယ်။

၄။ Zhao Liying

ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Liying ဟာလည်း ပိုင်ဆိုင်ကြွယ်ဝမှုအနေနဲ့ ဒေါ်လာ သန်း ၅၀ နီးပါး ရှိနေပါတယ်။

၅။ Liu Tao

မင်းသမီး Liu Tao ကတော့ ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၂၈ သန်းနဲ့ အချမ်းသာဆုံး မင်းသမီးစာရင်းဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *