မင်းသားချော သုံးယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးပေမဲ့ ကံမကောင်းခဲ့တဲ့ Song Hye Kyo ရဲ့ အချစ်ပုံပြင်

မင်းသားချော သုံးယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးပေမဲ့ ကံမကောင်းခဲ့တဲ့ Song Hye Kyo ရဲ့ အချစ်ပုံပြင်

ကိုရီးယားမင်းသမီးချော Song Hye Kyo ဟာ ငယ်ရွယ်နုပျိုတဲ့ အလှတရားတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ယနေ့ချိန်ထိတိုင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေဆဲပါ။

နှလုံးသားရေးရာမှာတော့ အသက် ၃၉ နှစ်အရွယ် မင်းသမီးချောဟာ သူမရဲ့အနုပညာလိုမျိုး ချောမွေ့ခဲ့တဲ့ အချစ်ရေးမျိုးနဲ့ မကြုံတွေ့ခဲ့ရပါဘူး။ ၂၀၁၉ ခုနှစ်မှာ ထိပ်တန်း မင်းသား Song Joong Ki နဲ့ လက်ထပ်ခဲ့ပြီး ၂ နှစ် အကြာ အတူနေထိုင်ပြီးနောက် တရားဝင် လမ်းခွဲပြတ်ဆဲခဲ့ကြရပါတယ်။

ဒီလိုမျိုး အိမ်ထောင်ရေး ပြိုကွဲခဲ့ရုံသာမက တစ်ဖက်မှာလည်း Song Hye Kyo ဟာ အိမ်ထောင်မကျမီ အထိ လုပ်ဖော်ကိုင်ဖက် မင်းသားချောတွေနဲ့ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပြန်ပါဘူး။ Song Hye Kyo ရဲ့ အချစ်ပုံပြင်မှာတော့ –

Lee Byung Hun

Song Hye Kyo ဟာ “All In” မှာ တွဲဖက် သရုပ်ဆောင်ပြီးနောက် ၂၀၀၃ ခုနှစ်မှာ မင်းသား Lee Byung Bun ကို သူမရဲ့ အချစ်ဦးအဖြစ်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီ့အချိန်က သူတို့နှစ်ယောက်ဟာ အသက် ၁၂ နှစ်လောက် ကွာဟနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ဖို့ကောင်းခဲ့တဲ့ စုံတွဲတွေဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဝမ်းနည်းစရာကောင်းတာက သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့ အလုပ်များလွန်းနေခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။ အဲ့လိုနဲ့ မင်းသား Lee Byung Hun ကလည်း ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတော့တယ်။

Hyun Bin

Song Hye Kyo နဲ့ မင်းသား Hyun Bin တို့ဟာ 2008 ခုနှစ်မှာ “Worlds Within” မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီဇာတ်လမ်း အပြီးမှာတော့ သူတို့နှစ်ဦးရဲ့ လိုက်ဖက်ညီတဲ့ အပြုအမူတွေကြောင့် အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် နှစ်ယောက်လုံးဘက်က အချစ်မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့စုံတွဲဟာ ချစ်သူတွေဖြစ်နေကြောင်း ၀န်ခံခဲ့တာ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာပါ။ သိပ်မကြာခင်မှာပဲ သူတို့ထဲက တစ်ယောက်ဟာ အရမ်းအလုပ်ရှုပ်နေတာကြောင့် ၂၀၁၁ မှာ လမ်းခွဲခဲ့ပါတယ်။

Song Joong Ki

Song Hye Kyo ရဲ့ နောက်ဆုံးအချစ်ကတော့ မင်းသား Song Joong Ki ပါပဲ။ ၂၀၁၆ ခုနှစ်က နာမည်ကျော် “Descendants of the Sun” မှာ အတူတွဲ သရုပ်ဆောင်ခဲ့ပြီးနောက် တွဲနေခဲ့ပြီဖြစ်ကြောင်း အထောက်အထားများဖြင့်ပင် ကောလာဟလများစွာ ထွက်ပေါ်ခဲ့ပေမဲ့ နှစ်ဦးစလုံးက တစ်ကြိမ်စီ ငြင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ လက်ထပ်တော့မယ်လို့လည်း ကြေငြာခဲ့ပြီး အောက်တိုဘာလမှာ တရားဝင် လက်ထပ်ခဲ့ကြပါတော့တယ်။ ဝမ်းနည်းစရာမှာ ၂၀၁၉ ခုနှစ်မှာပဲ လင်မယားဘဝဟာ စတင်လှုပ်ခတ်လာပြီး နှစ်ဦးသားဟာ ၂ နှစ်ကျော် အတူနေထိုင်ပြီးနောက် ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

အကြောင်းအရင်းမှာ တူညီတဲ့ စိတ်ထားနဲ့ အမြင်တွေ မရှိကြတဲ့အတွက် အိမ်ထောင်ရေးဘဝအတွက် အခက်အခဲဖြစ်စေတယ်လို့ ဆိုကြပြီး အဲ့ဒီအချိန်ကတည်းက မင်းသမီး Song Hye Kyo ဟာ တစ်ကိုယ်တည်း ၃ နှစ်တာ ဖြတ်သန်းလာခဲ့တာဖြစ်ပြီး ယနေ့ချိန်ထိတိုင်လည်း အချစ်သစ် ရှာဖွေတာမျိုး မရှိသေးခဲ့ပါဘူးနော်။

Leave a Reply

Your email address will not be published.