မွေးကင်းစအရွယ်ကတည်းက လူအများရှေ့မှာထုတ်မပြခဲ့တဲ့ သမီးလေးရဲ့မျက်နှာကို ပထမဆုံးအကြိမ်ထုတ်ပြလိုက်တဲ့ Jang Dong Gun နဲ့ Ko So Young တို့ဇနီးမောင်နှံ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်ဇနီးမောင်နှံစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Jang Dong Gun နဲ့ မင်းသမီး Ko So Young တို့ဟာဆိုရင် အိမ်ထောင်သက်တမ်း ၁၀ နှစ်ကျော်သက်တမ်းအတွင်းမှာ သူတို့မိသားစုပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် မျှဝေဖော်ပြပေးလေ့ရှိပေမယ့် ကလေးနှစ်ယောက်ရဲ့မျက်နှာတွေကို အတိအလင်းထုတ်ပြခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Ko So Young ဟာ သူမနဲ့ သမီးဖြစ်သူ ‘Yoon Seol’ တို့ ဂွမ်ဂျူဘက်ကိုသွားရောက်လည်ပတ်ထားတဲ့ ပုံရိပ်အချို့တို့ကို သူမရဲ့အင်စတာဂရမ်စာမျက်နှာကနေ မျှဝေပေးခဲ့ပြီး အဲဒီပုံတွေထဲက ဒုတိယမြောက်ပုံမှာတော့ ‘Yoon Seol’ လေးရဲ့မျက်နှာကို ဖော်ပြထားတာ မြင်တွေ့ရပါတယ်။

Ko So Young အနေနဲ့ သမီးဖြစ်သူနဲ့ရိုက်ကူးထားတဲ့ပုံတွေကို လူမှုကွန်ရက်ကနေတစ်ဆင့်မျှဝေခဲ့ဖူးပေမယ့်လည်း အဲဒီပုံတွေမှာဆိုရင် Yoon Seol ကို နောက်ကျောဘက် (သို့မဟုတ်) Mask နဲ့သာမြင်ရတာဖြစ်တာကြောင့် အခုလိုမျိုး Mask မပါတဲ့ပုံကိုမြင်ရတာတော့ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုရမှာပါ။

အခုမြင်တွေ့ရတဲ့ပုံမှာတော့ Yoon Seol ရဲ့မျက်နှာကို ဘေးတိုက်အနေအထားနဲ့သာတွေ့ရပေမယ့်လည်း အဖေရော၊ အမေရောက တောင်ကိုရီးယားနိုင်ငံရဲ့ အချောဆုံး၊ အလှဆုံး သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေအဖြစ် သတ်မှတ်ခံရဖူးသူတွေဖြစ်တာကြောင့် ပရိသတ်တွေကတော့ Yoon Seol ဟာ မိဘနှစ်ပါးရဲ့ အလှအပကို ကောင်းမွန်စွာဆက်ခံထားသူဖြစ်လိမ့်မယ်လို့ မှတ်ချက်တွေပေးထားကြပါတယ်။

Jang Dong Gun နဲ့ Ko So Young တို့ ဇနီးမောင်နှံဟာဆိုရင် ၂၀၁၀ ခုနှစ် မေလမှာ လက်ထပ်ခဲ့ကြပြီးနောက် သားအကြီးလေးဖြစ်တဲ့ Jun Hyuk ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာမွေးဖွားခဲ့ပြီး သမီးအငယ် Yoon Seol ကိုတော့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *