နှစ်ပေါင်းများစွာ ကြာပြီးမှ Weibo ရုပ်ရှင်ညလို အခမ်းအနားမျိုးမှာ မြင်တွေ့ခဲ့ရတဲ့ Liu Yifei ရဲ့အလှ

နှစ်ပေါင်းများစွာ ကြာပြီးမှ Weibo ရုပ်ရှင်ညလို အခမ်းအနားမျိုးမှာ မြင်တွေ့ခဲ့ရတဲ့ Liu Yifei ရဲ့အလှ

သြဂုတ်လ ၁၄ ရက်နေ့မှာ နာမည်ကျော် အနုပညာရှင်ပေါင်းများစွာ တက်ရောက်ခဲ့တဲ့ Weibo Film Night အခမ်းအနားမှာတော့ ထိပ်တန်း မင်းသမီးချော Liu Yifei ကို မြင်တွေ့ခဲ့ရပြီး သူမရဲ့ အလှတရားနဲ့ ဖြစ်တည်မှုတို့ဟာလည်း ပွဲမှာ ထင်ပေါ်လွန်းနေခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီးဟာ အဆိုပါပွဲရဲ့ ရှာဖွေမှုအများဆုံးနဲ့ လူပြောအများဆုံး အနုပညာရှင်ဖြစ်လာခဲ့သလို အချိန်အကြာကြီးနေအောင် အခုလိုမျိုး အခမ်းအနားမျိုးတွေမှာ မြင်တွေ့ခဲ့ရခြင်းမရှိတဲ့ Liu Yifei ဟာလည်း သူမ ပွဲတက်ရောက်ခဲ့တာနဲ့ တစ်ပြိုင်နက် ရေပန်းအစားဆုံး ဖြစ်သွားခဲ့ပါတယ်။

ဒီလို ကြီးကျယ်ခမ်းနားတဲ့ ညမှာ မင်းသမီး Liu Yifei ရဲ့ ပွဲတက်ဝတ်စုံလေးဟာ တောက်ပတဲ့ အသားရောင်လေးဖြစ်နေခဲ့တာက သူမရဲ့ ဖြူစင်တဲ့အသားအရည်ကို ပိုမို ပေါ်လွင်စေခဲ့ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ပရိသတ်တွေရဲ့ ချီးကျူးမှုများစွာကို ရရှိခဲ့တဲ့ မင်းသမီးရဲ့ အလှတရားဟာလည်း ဒီလိုတန်ကြေးမြင့်မားပြီး အသွင်ဆန်းတဲ့ ဝတ်စုံလေးကို ရွေးချယ်တာကြောင့် Liu Yifei ဟာ ဒီပွဲကို တက်ရောက်ခဲ့တဲ့ တခြားကြယ်ပွင့်တွေထက် အများရဲ့ အာရုံစိုက်မှုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘယ်လိုပဲ ဝေဖန်မုန်းတီးမှုတွေ ရှိနေပါစေ Liu Yifei ကတော့ Liu Yifei အဖြစ် ထိပ်တန်း ကျော်ကြားမှုနဲ့ အောင်မြင်မှုတို့အဆင့်မှာ ရပ်တည်နေဆဲပါပဲ။

ပြန်လည် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သမိုင်းဝင် ဇာတ်လမ်းတွဲ “A Dream of Splendor” နဲ့လည်း သူမရဲ့ တစ်ကျော့ပြန် အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့လို့ အနုပညာလောကထဲ နှစ်အတော်ကြာအောင် ရပ်တန့်နေခဲ့တဲ့ မင်းသမီးချောကို နောက်ထပ် အောင်မြင်မှုတွေနဲ့ မြင်တွေ့သွားချင်တာကလည်း ပရိသတ်တွေရဲ့ ဆန္ဒပါပဲ။

Leave a Reply

Your email address will not be published.