အနုပညာအလုပ်တွေမှ ရရှိထားခဲ့တဲ့ ဝင်ငွေတွေနဲ့တင် တစ်သက်သာ သုံးမကုန်နိုင်တဲ့ Aum Patchrapa

အနုပညာအလုပ်တွေမှ ရရှိထားခဲ့တဲ့ ဝင်ငွေတွေနဲ့တင် တစ်သက်သာ သုံးမကုန်နိုင်တဲ့ Aum Patchrapa

ထိုင်းမင်းသမီးချော Aum Patcharapa ကတော့ အတွေ့အကြုံ ပြည့်ဝနေပြီး အရည်အချင်းရှိတဲ့ ထိပ်တန်း မင်းသမီးချောတစ်ယောက်ပဲ ဖြစ်ပါတယ်။

Aum ဟာ အလှအပရေးရာနဲ့ ပတ်သက်ပြီးလည်း လူအများရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသလို အခုဆိုရင် အသက် ၄၂ နှစ် ရှိနေပြီဖြစ်ပေမယ့် သူမရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှတရားက ပြောင်းလဲသွားခဲ့ခြင်း မရှိသေးပါဘူး။

သူမရဲ့ လှပတဲ့ အသွင်အပြင်ကြောင့် သူမဟာ နာမည်ကျော် အလှအပ ထုတ်ကုန်ရိုက်ကူးရေးတွေကို လုပ်ဆောင်နေခဲ့ရပြီး တစ်ဖက်မှာလည်း အလှအပ ပစ္စည်းတွေအတွက် စီးပွားရေးသံတမန်အဖြစ် လုပ်ဆောင်နေခဲ့ပါတယ်။

Aum ရဲ့ အနုပညာ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း အသက် ၄၂ နှစ် အရွယ် မင်းသမီးချောဟာ ၁၉၉၇ ခုနှစ် သူမ အသက် ၁၄ နှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အတွေ့အကြုံ သက်တမ်းအားဖြင့်လည်း ၂၄ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် Aum ဟာ မင်းသမီးငယ်လေးတို့အတွက် စံပြထားရတဲ့ စီနီဟာ မင်းသမီးတစ်ယောက်အပြီး အရည်အချင်းပိုင်းမှာရော၊ အလှအပပိုင်းမှာပါ ပြီးပြည့်စုံနေတဲ့ ထိပ်တန်း မင်းသမီးလည်း ဖြစ်လို့နေပါသေးတယ်။

ဘဝနေထိုင်မှုကို ကြည့်မယ်ဆိုရင်လည်း အနုပညာအလုပ်တွေနဲ့တင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး Aum ဟာ ဘတ်ငွေ သန်း ၅၀၀ ကျော် ဒေါ်လာ ၁၅ သန်းကျော် အသားတင် စုဆောင်းထားမိခဲ့ပြီး အခြား ပိုင်ဆိုင်ကြွယ်ဝမှုတွေလည်း အမြောက်အများ ရှိနေပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *