Season 2 ရိုက်ကူးဖို့အတွက် အတည်ပြုပေးလိုက်ပြီဖြစ်တဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲ

ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ လတ်တလောလူကြိုက်များနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင် Season 2 အဖြစ် ဆက်လက်ရိုက်ကူးသွားဖို့အတည်ပြုလိုက်ပြီဖြစ်တယ်ဆိုတာပါပဲ။

ဒီအကြောင်းကို ဇာတ်လမ်းတွဲထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ထုတ်လုပ်ရေးကုမ္ပဏီ A-Story မှ CEO ကိုယ်တိုင်အတည်ပြုပေးခဲ့တာဖြစ်ပြီး ယင်း Season 2 ကိုတော့ ၂၀၂၄ ခုနှစ်ထဲမှာပြသနိုင်ဖို့အတွက် မျှော်လင့်ထားတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေရဲ့အလိုဆန္ဒအတိုင်း Season 1 ရဲ့ သရုပ်ဆောင်တွေအကုန်လုံးကို Season 2 မှာပါဝင်စေလိုတာကြောင့် ဒီသရုပ်ဆောင်တွေအားလုံးရဲ့ရိုက်ကူးရေးအချိန်ဇယားတွေကို ညှိနှိုင်းရဖို့အတွက်ကိစ္စဟာ ထုတ်လုပ်ရေးအဖွဲ့သားတွေအဖို့တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

‘Extraordinary Attorney Woo’ Season 1 ရဲ့ဇာတ်သိမ်းပိုင်းကိုတော့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ဖြန်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *