အက်ရှင်ဇာတ်ဝင်ခန်း အကြမ်းစားတွေနဲ့ ပရိသတ်တွေကို ပြန်လည်ဖမ်းစားသွားတော့မယ့် Hyun Bin

မင်းသားချော Hyun Bin ကတော့ ချောမောခန့်ညားတဲ့ အသွင်အပြင်၊ ထူးချွန်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရေပန်းစားနေတဲ့ ထိပ်တန်း မင်းသားတစ်ဦးဖြစ်ပါတယ်။
Hyun Bin ဟာ သူ့ရဲ့နောက်ဆုံးထွက် ဒရာမာဖြစ်တဲ့ Crush Landing on You မှာ သူ့ဇနီးချော မင်းသမီး Son Ye Jin အတူ ပါဝင်ထားခဲ့ပြီးနောက် ဖန်သားပြင်ထက်မှာ ပရိသတ်တွေ မမြင်တွေ့ခဲ့ရတာ သုံးနှစ်ကျော်လာခဲ့ပါပြီ။
အခုချိန်မှာတော့ မင်းသား Hyun Bin ဟာ “Confidential Assignment 2” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့အကြောင်း မကြာသေးခင်ကမှ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ဇာတ်ကားထဲက ပုံရိပ်တွေလည်း ချပြလို့လာခဲ့ပါတယ်။
မင်းသားရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း လာမယ့် ၃ ပတ်အတွင်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Hyun Bin ဟာ အင်တာဗျူးတွေ ဆက်တိုက်လုပ်ပြီး အနုပညာအလုပ်တွေနဲ့အတူ ဒီ comeback မှာ အရမ်းအလုပ်ရှုပ်နေတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီဇာတ်ကားမှာလည်း Hyun Bin ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရင့်ကျက်ခန့်ညားတဲ့ အသွင်အပြင်ကို မြင်တွေ့သွားရဦးမှာမလို့ ပရိသတ်တွေကတော့ အရမ်းပျော်နေကြပြီး မင်းသားကိုလည်း ဇာတ်လမ်းတွဲတွေမှာလည်း ဆက်လက်ပါဝင်လာဖို့ မျှော်လင့်နေကြပါတယ်။