စက်တင်ဘာလမှာ တစ်ကိုယ်တော် album လေးကို ထွက်ရှိသွားဖွယ်ရှိနေတဲ့ Xiumin

EXO အဖွဲ့ဝင် Xiumin ဟာ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ကို စက်တင်ဘာလမှာ ဖြန့်ချိသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာ EXO အဖွဲ့ဝင် Xiumin ဟာ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် album ကို စက်တင်ဘာလမှာ ဖြန့်ချိတော့မှာဖြစ်ကြောင်း ပြည်တွင်းက သီးသန့်မီဒီယာတစ်ခုက ဖော်ပြလာခဲ့ပါတယ်။

Xiumin ဟာ ၂၀၁၅ ထွက် ‘Falling for Challenge’ အတွက် “You Are The One” အပါအဝင် K-Drama OST များမှာ ပါဝင်သီဆိုခဲ့ခြင်းဖြင့် သူ့ရဲ့ နှစ်လိုဖွယ်ရာ အသံစွမ်းရည်ကို အကြိမ်ရေများစွာ ပြသခဲ့ဖူးပါတယ်။

ဒါကြောင့် EXO အဖွဲ့ဝင်တွေထဲမှာ Xiumin ဟာ Baekhyun, Chen, Suho, Lay, Kai နဲ့ D.O. တို့နောက် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိမယ့် ၇ ယောက်မြောက် အဖွဲ့ဝင်ဖြစ်လာတော့မှာပါနော်။

ဒီနှစ်ထဲ EXO အဖွဲ့ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်လေးမှာ Xiumin ရဲ့ တစ်ကိုယ်တော် album လေးကိုပါ ထပ်ပေါင်း ခံစားနားဆင်သွားရတော့မှာမလို့ ဒီသတင်းလေးကတော့ EXO-L လေးတို့အတွက်တော့ ပျော်ရွှင်စရာ သတင်းလေးတစ်ပုဒ်ပါပဲ။

Leave a Reply

Your email address will not be published.