အကောင်းဆုံးပုံစံနဲ့ ပြန်လည် comeback လာခဲ့ပြီဖြစ်တဲ့ BLACKPINK

အချိန်အတော်ကြာပြီးနောက် BLACKPINK ဟာ သူတို့ရဲ့ comeback နဲ့အတူ တစ်ကမ္ဘာလုံးက လူထုအများအပြားရဲ့ စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။
BLACKPINK ရဲ့ comeback အဖြစ် အကြိုထွက်ရှိလာခဲ့တဲ့ Single “Pink Venom” ဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်ခဲ့ပြီး အားလုံးကလည်း ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဒီ comeback အတွက် ကျေနပ်အားရမှုအမျိုးမျိုးကို ပြသထားခဲ့ကြပါတယ်။
လက်ရှိမှာတော့ လူအများစုရဲ့ ပါးစပ်ဖျားမှာ နေရာယူထားခဲ့ပြီဖြစ်တဲ့ “Pink Venom” ဟာ BLACKPINk အဖွဲ့ဝင်တစ်ဦးစီချင်းရဲ့ မတူညီတဲ့ အရောင်အဝါများကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမိုက်စား သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။
Intro ပိုင်းမှစပြီး သီချင်းကို ခေတ်မီလန်းဆန်းတဲ့ ခံစားချက်မျိုး မပေးစွမ်းမီ မကူးပြောင်းမီမှာ ကိုရီးယား ရိုးရာတူရိယာများရဲ့ အသံများနဲ့တင် ပရိသတ်တွေကို ကြွေဆင်းစေခဲ့ပါတယ်။
ဒါ့အပြင်ကိုမှာ ပြင်းထန်အားပါလှတဲ့ rap အပိုင်းကလည်း သီချင်းကို လေးလေးနက်နက်နဲ့ စွဲဆောင်မှုဖြစ်လာစေပြီး BLACKPINK ရဲ့ vocal လိုင်းတွေက လွင့်ပျံလာတဲ့ အသံထွက်တွေနဲ့ ဂီတတစ်ခုလုံးရဲ့ စည်းချက်တွေဟာ“Pink Venom” ကို အကောင်းဆုံး comeback အဖြစ် ပုံဖော်စေခဲ့ပြီး ဒီနေ့ရဲ့ လူပြောအများဆုံး အကြောင်းအရာ ဖြစ်စေခဲ့ပါတယ်။