သည်းထိတ်ရင်ဖို ဇာတ်လမ်းသစ်မှာ တွဲဖက်သရုပ်ဆောင်သွားကြမယ့် Choi Woo Shik, Son Suk Ku နဲ့ Lee Hee Joon

သည်းထိတ်ရင်ဖို ဇာတ်လမ်းသစ်မှာ တွဲဖက်သရုပ်ဆောင်သွားကြမယ့် Choi Woo Shik, Son Suk Ku နဲ့ Lee Hee Joon

လာမယ့် လျှို့ဝှက်သဲဖို ဇာတ်လမ်းတွဲသစ် “Murder DIEary” ကတော့ သူတို့ရဲ့ အဓိကသရုပ်ဆောင်တွေကို အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။

Webtoon ကို ရိုက်ကူးသွားမယ့် “Murder DIEary” ဟာ ကွင်းဆက်လူသတ်သမားကို မတော်တဆ သတ်မိခဲ့တဲ့ သာမန်လူတစ်ဦးနဲ့ သူ့နောက်လိုက်နေတဲ့ ရဲစုံထောက်တစ်ဦးအကြောင်း အမိုက်စား ဟာသ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ Lee Chang Hee နဲ့အတူ “Strangers from Hell” နဲ့ “ The Vanished ” တို့ရဲ့ စာရေးဆရာ Kim Da Min တို့က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Choi Woo Shik, Son Suk Ku နဲ့ Lee Hee Joon တို့ဟာ Netflix ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

Choi Woo Shik ကိုတော့ မတော်တဆ လူသတ်မှု ပြုလုပ်မိခဲ့တဲ့ ကောလိပ်ကျောင်းသား Lee Tang အဖြစ် မြင်တွေ့သွားရမှာပါ။ Son Suk Ku ကတော့ Lee Tang ကို နောက်ယောင်ခံလိုက်မယ့် စုံထောက် Jang Nan Gam အဖြစ် မြင်တွေ့သွားရပါမယ်။

Lee Hee Joon ကိုတော့ Lee Tang ကို ကိုယ်တိုင်ခြေရာခံပြီး လိုက်ဖမ်းဆီးသွားမယ့် စုံထောက်ဟောင်း Song Chon အဖြစ် မြင်တွေ့သွားရမှာဖြစ်ပါတယ်နော်။ Choi Woo Shik နဲ့ Son Suk Ku ပရိသတ်တွေအဖို့တော့ လက်မလွှတ်သင့်တဲ့ drama တစ်ခုပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *