TWICE အဖွဲ့ဝင် Chaeyoung ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ အမျိုးသား Idol တစ်ဦး

TWICE အဖွဲ့ဝင် Chaeyoung ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ အမျိုးသား Idol တစ်ဦး

အမျိုးသား K-Pop Idol တစ်ယောက်ဟာ TWICE အဖွဲ့ဝင် Chaeyoung အား လိင်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတဲ့ အငြင်းပွားဖွယ် ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့ပါတယ်။

မကြာသေးမီက YOUNITE အဖွဲ့ဝင် Hyunseung မှ ပွဲဦးထွက်မစမီ တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဟာ ကိုရီးယား အွန်လိုင်းဖိုရမ်အမျိုးမျိုးမှာ အလွန်ပျံ့နှံ့လို့သွားခဲ့ပါတယ်။

အဆိုပါဓာတ်ပုံမှာတော့ Hyunseung က နာမည်ကျော် TWICE အဖွဲ့ဝင် Chaeyoung ရဲ့ ပုံတစ်ပုံကို မော့ ကြည့်ကာ သူမရဲ့စကတ်ထဲကို ချောင်းကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေခဲ့ပါတယ်။

ဒါတင်မကသေးပဲ တစ်စုံတစ်ဦးအား ခံစားချက်ကောင်းမွန်ကြောင်း ဖော်ပြရန်အတွက် အသုံးပြုတဲ့ ဂျပန်စကားလုံး “ကီမိုချီ” စာတန်းကိုလည်း ထည့်သွင်း ဖော်ပြထားခဲ့တာကြောင့် ဒီအသုံးအနှုန်းဟာ အခြားနိုင်ငံတွေမှာ ဘယ်လိုမျိုးပုံစံနဲ့ အသုံးပြုလဲဆိုတာကို လူတိုင်းက သိပြီးသားဖြစ်မှာပါ။

အဆိုပါပုံဟာ Chaeyoung ကို ပြောင်ပြောင်တင်းတင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုဖြစ်တယ်လို့ Hyunseung ရဲ့ စကားလုံးဟအသုံးပြုမှုနဲ့ မျက်လုံးညွှန်မှုများကို ထောက်ပြသွားပြီး အင်တာနက်သုံးစွဲသူများက ပြောကြားခဲ့ပါတယ်။

ပိုဆိုးတာက Chaeyoung ဟာ အသက်မပြည့်ခင်က ရိုက်ထားတဲ့ပုံပါ။ ယခုအချိန်မှာတော့ Hyunseung ဟာ ကိုရီးယားနှင့် နိုင်ငံတကာ TWICE ပရိသတ်များအပြင် အမျိုးသမီး K-Popper တို့ရဲ့ ဝေဖန်မှုများကြားမှာ နစ်မွန်းနေပြီး သူ့ကို တောင်းပန်ခိုင်းပြီး အဖွဲ့မှ ထွက်ခွာရန် လက်မှတ်ထိုးတောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *