မကြာခင်မီးဖွားတော့မှာဖြစ်တာကြောင့် ဆံပင်အတိုလေးညှပ်လိုက်ပြီဖြစ်တဲ့ Son Ye Jin

မကြာခင်အချိန်တွင်းမှာ မိခင်အဖြစ်ကိုရောက်ရှိတော့မယ့် Son Ye Jin ဟာဆိုရင် ဩဂုတ်လ ၁၈ ရက်နေ့ မနေ့တုန်းက သူမကို Brand Ambassador အဖြစ် ခန့်အပ်ထားတဲ့ Collagen အမှတ်တံဆိပ်ရဲ့ အခမ်းအနားပွဲတစ်ခုမှာ Video Call ကနေတစ်ဆင့်ပါဝင်ခဲ့ပါတယ်။

ဒီလိုပါဝင်လာတဲ့သူမရဲ့အသွင်အပြင်က နောက်ဆုံးတွေ့ရှိခဲ့တဲ့ပုံစံနဲ့ကွဲပြားစွာ ဆံပင်အတိုလေးညှပ်ထားပြီး ဒီဆံပင်ပုံစံနဲ့လည်း သူမဟာ လိုက်ဖက်စွာ နုပျိုလှပနေတာကို တွေ့ရပါတယ်။

သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဆံပင်ပုံစံပြောင်းလဲတာက ထူးဆန်းတဲ့အရာတော့မဟုတ်ပေမယ့်လည်း ရိုက်ကူးရေးတွေရပ်နားထားပြီး ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းနေရတဲ့ Son Ye Jin အနေနဲ့ကတော့ ဒီလိုမျိုးဆံပင်အတိုညှပ်လိုက်တာက မကြာခင်အချိန်အတွင်းမှာ မီးဖွားတော့ဖို့အတွက် ပြင်ဆင်နေပြီဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Son Ye Jin ဟာ ခင်ပွန်းဖြစ်သူ Hyun Bin နဲ့ အခု ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး သူမမှာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက သူမကိုယ်တိုင်တရားဝင်အသိပေးခဲ့တဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *