BLACKPINK ရဲ့ “Pink Venom” မှ ပရိသတ်တွေကို အမှတ်အရဆုံးဖြစ်စေခဲ့တဲ့ မြင်ကွင်းများ

BLACKPINK ရဲ့ “Pink Venom” မှ ပရိသတ်တွေကို အမှတ်အရဆုံးဖြစ်စေခဲ့တဲ့ မြင်ကွင်းများ

BLACKPINK ဟာ ၂ နှစ်ကြာပြီးနောက်မှာတော့ သူတို့ရဲ့ pre-released single “Pink Venom” အတွက် MV ကို ထွက်ရှိလာခဲ့ပြီး comeback ပြခဲ့ပါပြီ။

လတ်တလောမှာ လူပြောအများဆုံးဖြစ်နေပြီး ကမ္ဘာ့နှံ့ထိအောင် screeshots များစွာနဲ့ ရေပန်းစား ပြန့်နှံ့နေခဲ့သလို အားလုံးကို အံ့အားသင့်စေခဲ့တဲ့ မြင်ကွင်းတွေ အမြောက်အများ ပါဝင်လာတဲ့ ဒီ MV မှာ ပရိသတ်တွေအတွက် အမှတ်ရဆုံးဖြစ်စေမယ့် မြင်ကွင်းတချို့ကို ပြောပြပေးသွားချင်ပါတယ်။

ပထမအနေနဲ့ ပရိတ်သတ်တွေရဲ့ ခန့်မှန်းချက်အတိုင်း Jisoo ဟာ teaser မှ ကိုရီးယား ရိုးရာတူရိယာကို တီးခတ်နေသူဖြစ်ပါတယ်။ တော်ဝင်မင်းသမီးလေးလို ၀တ်ဆင်ထားတဲ့ Jisoo ဟာ ပရိသတ်တွေရဲ့ နှလုံးသားကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Jennie ရဲ့ အနီရောင်ဇာဝတ်စုံဟာ အမိုက်ဆုံး outfits ဖြစ်နေခဲ့သလို ကိုရီးယားရိုးရာစတိုင်ကျစ်ထားတဲ့ ဆံပင်ပုံစံကလည်း ချီးမွမ်းခြင်းများစွာကို ရရှိခဲ့ပါတယ်။

သူမရဲ့ အထင်ကရ rap အပိုင်းအတွက် Jennie ဟာ Adidas Teamgeist ရဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဒီဇိုင်းထုတ်ထားတဲ့ မန်ယူအင်္ကျီကို ဝတ်ဆင်ထားခဲ့တာကလည်း ကမ္ဘာအနှံ့ ပရိသတ်များထံ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

ဒါ့အပြင် “Pink Venom” မှာ အရင်က BLACKPINK Mv တွေနဲ့ ချိတ်ဆက်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် Jisoo ရဲ့ “Kill This Love” က နေရောင်နောက်ခံ ကားချပ်တစ်ခုရှေ့မှာရပ်တာက “Pink Venom” မှာ လရောင် နောက်ခံပုံနဲ့ ချိတ်ဆက်နေခဲ့ပါတယ်။

Lisa ဟာ ပန်းသီးနက်ကို စားနေတဲ့ မြင်ကွင်းဟာ “Snow White and the Seven Dwarfs” ဒဏ္ဍာရီပုံပြင်မှ စိတ်ကူးစိတ်သန်းကို ပုံဖော်ထားပုံရပါတယ်။

Rosé ကလည်း အနက်ရောင်နှလုံးသားနဲ့ အနက်ရောင်ဆေးခြယ်ထားသည့် “Lovesick Girls” နဲ့ “Gone” တို့က သူမရဲ့ မြင်ကွင်းပြသမှု တချို့နဲ့ ချိတ်ဆက်ပေးပြီး ပေါင်းစပ်ပေးထားပုံပေါ်တဲ့ အနက်ရောင်ပန်းချီကားကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် သူမရဲ့ “မျက်ရည်စက်များ” မိတ်ကပ်ပုံစံကလည်း ဆွဲဆောင်မှုရှိလွန်းနေခဲ့ပါတယ်။

Lisa ရဲ့ rap အပိုင်းဟာ Rihanna ရဲ့ “Pon de Replay” သီချင်းနဲ့ ပေါင်းစပ်မှုဖြစ်ကြောင်း အင်တာနက်သုံးစွဲသူများက တွေ့ရှိခဲ့ကြပါတယ်။ သီချင်းစာသားကိုလည်း “it goes one by one even two by two” ကနေ “one by one then two by two” သို့ ပြောင်းလဲထားခဲ့ပါတယ်။

YG Entertainment ရဲ့ အဆိုအရ ဒီ BLACKPINK ရဲ့ comeback ဟာ ကုမ္ပဏီအတွက် ကုန်ကျမှုအများဆုံးလို့ သိရပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ကမ္ဘာတစ်ဝှမ်းက billboaeds များကို “Pink Venom” ပိုစတာများအဖြစ် ပြောင်းလဲခဲ့တာကို ခမ်းနားစွာတွေ့မြင်ခဲ့ကြရပါတယ်။

Leave a Reply

Your email address will not be published.