Yoona ရဲ့အလှမှာနစ်မျောနေမိတာကြောင့် သရုပ်ဆောင်တဲ့အချိန်မှာ အာရုံစိုက်ဖို့အတွက်ခက်ခဲခဲ့တယ်ဆိုတဲ့ Ok Ja Yeon

လတ်တလောထုတ်လွှင့်ပြသလျှက်ရှိတဲ့ ‘Big Mouth’ ဇာတ်လမ်းတွဲက သရုပ်ဆောင်တစ်ယောက်ဖြစ်သူ Ok Ja Yeon ဟာဆိုရင် သူမအနေနဲ့ အဆိုပါဇာတ်လမ်းတွဲထဲမှာ Girls’ Generation အဖွဲ့ဝင် Yoona နဲ့အတူတွဲသရုပ်ဆောင်ခွင့်ရတာနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ဇာတ်လမ်းတွဲရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲပြောပြသွားခဲ့ဖူးပါတယ်။

“Yoona က အပြင်မှာသေချာပထမဆုံးမြင်ဖူးတာကတော့ ဇာတ်ညွှန်းဖတ်ကြတဲ့နေ့တုန်းကပေါ့ … သူ့ကိုတွေ့တဲ့အချိန်မှာ ရုတ်တရက်တွေးမိလိုက်တာက ဒီလောက်လှတဲ့သူနဲ့အတူတွဲပြီး ငါ ဘယ်လိုသရုပ်ဆောင်ရမလဲပေါ့ … တကယ်ရိုက်ကူးရေးလုပ်တဲ့အချိန်မှာလည်းပဲ သူ့ရဲ့မျက်နှာလေးကိုကြည့်နေမိတာနဲ့ သရုပ်ဆောင်ရတာကို သေချာအာရုံမစိုက်နိုင်ခဲ့ဘူးရှင့် … ဒါပေမယ့် Yoona ကတော့ သူ့ရဲ့ဇာတ်ကောင်ပုံစံကို အပီပြင်ဆုံးသရုပ်ဆောင်ခဲ့ပြီး Mi Ho ဇာတ်ရုပ်ကို ကောင်းကောင်းဖော်ကျူးနိုင်ခဲ့ပါတယ်” လို့ဆိုကာ Ok Ja Yeon က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ဇာတ်လမ်းတွဲထဲမှ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ Yan Kyung Won က “ဟုတ်တယ်ဗျ … ကျွန်တော်လည်း ခင်ဗျားပြောတာကို လက်ခံတယ် …. Yoona က သရုပ်ဆောင်တဲ့အခါမှာ တော်တော်စိတ်နှစ်ထားတတ်တာ … သူ့ကိုကြည့်လိုက်တာနဲ့ ဒါကို သူ အလေးအနက်ထားတယ်ဆိုတာ သိသာတယ် … တကယ်တော့ အရင်တုန်းကလည်း သူနဲ့ ကျွန်တော် ဆုံဖူးတယ်ဗျ”

“ခင်ဗျားတို့လည်း သူ့မှာအလုပ်တွေ ဘယ်လောက်များတယ်ဆိုတာကို သိကြမှာပဲ …. ဒါပေမယ့် ကျွန်တော် Yoona ကို မင်းသမီးတစ်လက်အဖြစ် စပြီးတွေ့ရတဲ့အချိန်ကတည်းက သူက သရုပ်ဆောင်အလုပ်ကို အတော်ရူးသွပ်တာ မြင်ရတယ်ဗျ … အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို တစ်ချိန်လုံးကြိုးစားနေတာ … နောက်ပြီး ရည်မှန်းချက်ကလည်းအတော်ကြီးရှာတာ …. ကျွန်တော်ကတော့ သူနဲ့အတူ အခုလိုအလုပ်တွဲလုပ်ရတာကို ဂုဏ်ယူမိတယ်ဗျာ” ဆိုပြီးပြောခဲ့တာကိုတွေ့ရပါတယ်။

Yoona ဟာဆိုရင် “Big Mouth” ဇာတ်လမ်းတွဲထဲမှာ မတရားဖမ်းဆီးခံလိုက်ရတဲ့ ခင်ပွန်းဖြစ်သူကို ထောင်ထဲမှအမြန်ဆုံးလွတ်မြောက်အောင် ကူညီပေးတဲ့ သူနာပြုဆရာမလေး Mi Ho အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲကတော့ လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိနေပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *