သြဂုတ်လအတွက် ရေပန်းအစားခဲ့ဆုံး အမျိုးသား Idol ၃ ယောက်

သြဂုတ်လအတွက် ရေပန်းအစားခဲ့ဆုံး အမျိုးသား Idol ၃ ယောက်

Korean Business Research Institute ဟာ ယောက်ျားလေးအဖွဲ့အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် ယခုလရဲ့ ကျော်ကြားမှု၊ ဂုဏ်သတင်းမွေးမှု အဆင့်သတ်မှတ်ချက်များကို ထုတ်ဖော်ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်ကြီးများကို အသုံးပြု၍ ယောက်ျားလေးအဖွဲ့ အဖွဲ့ဝင် ၇၀၃ ဦးရဲ့ ကျော်ကြားမှု အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

BTS အဖွဲ့ဝင် Jimin ကတော့ ကျော်ကြားမှု ဂုဏ်သတင်းအညွှန်းကိန်း 6,009,493 ဖြင့် ယခုလရဲ့ နံပါတ်တစ်နေရာမှာ ၄၃ လမြောက်အဖြစ် ပါဝင်လာခဲ့ပါတယ်။

ASTRO အဖွဲ့ဝင် Cha Eun Woo ကတော့ ကျော်ကြားမှု ဂုဏ်သတင်းအညွှန်းကိန်း 4,934,171 ဖြင့် ဩဂုတ်လအတွက် ဒုတိယနေရာသို့ တက်လာခဲ့ပြီး ပြီးခဲ့တဲ့လရဲ့ ရမှတ်ထက်လည်း 17.89% တိုးလာခဲ့ပါတယ်။

BTS အဖွဲ့ဝင် Jungkook ကတော့ ကျော်ကြားမှု ဂုဏ်သတင်းအညွှန်းကိန်း 4,620,074 ဖြင့် တတိယနေရာမှာ ရပ်တည်လို့နေခဲ့ပါတယ်။

ဒါကြောင့် Jimin, Cha Eun Woo နဲ့ Jungkook တို့ ၃ ယောက်ဟာ သြဂုတ်လအတွက် ဂုဏ်သတင်းအမွှေးဆုံး ကောင်လေးတွေဖြစ်ခဲ့ကြပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *