ကိုယ်ဝန် ၆ လပြည့်မှာ ဇနီးဖြစ်သူကို အချစ်ပိုနေခဲ့တဲ့ DJ Push

ကိုယ်ဝန် ၆ လပြည့်မှာ ဇနီးဖြစ်သူကို အချစ်ပိုနေခဲ့တဲ့ DJ Push

မင်းသားချော DJ Push နဲ့ မင်းသမီး Jooy Warattaya တို့ဟာ ပရိသတ်တွေရဲ့အားပေးမှုကို များစွာရရှိထားတဲ့ ထိုင်းအနုပညာရှင်စုံတွဲတစ်တွဲပါ။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားခဲ့တဲ့ စုံတွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ပရိသတ်တွေက ကြွားလုံးထုတ်လာကြတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုလေးတွေ အမြဲပြသနေခဲ့တာပဲဖြစ်ပါတယ်။

အထူးသဖြင့် Jooy ဟာ သူမရဲ့ သားဦးလေးကို ကိုယ်ဝန်နေခဲ့တာကြောင့် ဇနီးမောင်နှံရဲ့ မိသားစုဘဝကို နှစ်ဆ ပိုမိုပျော်ရွှင်စေခဲ့ပါတယ်။

မင်းသမီး Jooy ဟာ ကိုယ်ဝန် ၆ လရှိပြီဖြစ်ပြီး သူမရဲ့ အချစ်ဆုံးသားလေးကို တွေ့ရဖို့ ၃ လပဲ ကျန်ပါတော့တယ်။ လတ်တလောမှာတော့ ကိုယ်ဝန် ၆ လပြည့် အထိမ်းအမှတ်မှာ ခင်ပွန်းသည် Push ရဲ့ နွေးထွေးတဲ့ ဓါတ်ပုံလေးတွေကို ပရိသတနတွေက မြင်တွေ့ထားခဲ့ရတာပါ။

ဇနီးဖြစ်သူရဲ့ ဗိုက်ကို ပွတ်သပ်နမ်းရှုံ့ပြီး ကိုယ်ဝန်ဆောင်ဇနီးနဲ့ လူ့လောကထဲ ရောက်လာတော့မယ့် သားလေးကို ချစ်ခြင်းမေတ္တာများစွာနဲ့ မျှဝေခဲ့ပါတယ်။ ဒီလို နွေးထွေးတဲ့ ဓါတ်ပုံလေးတွေကြောင့် ပရိသတ်တွေက ကြည်နူးနေခဲ့ကြပြီး ချစ်ခြင်းမေတ္တာတွေကို ဇနီးအား အမြဲပေးဝေနေတတ်တဲ့ Push ကိုလည်း ချီးကျူးနေကြပါတယ်။

ကလေးမွေးဖွားရန် လအနည်းငယ်လိုလာလေ သူ့ကိုယ်သူ အဖေကောင်းတစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ပြင်ထားခဲ့လေဖြစ်တဲ့ Push ကတော့ ဇနီးဖြစ်သူကို တစ်နေ့ထက်တစ်နေ့ ပိုဂရုစိုက်ပေးနေပြီး ပြီးပြည့်စုံတဲ့ ခင်ပွန်းဆိုတဲ့ ဂုဏ်ပုဒ်လေးကို မောင်ပိုင်ဦးထားခဲ့ပါပြီ။

Leave a Reply

Your email address will not be published.