ဗိုက်ထဲက ရင်သွေးလေးနဲ့အတူ မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးသွားခဲ့တဲ့ Son Ye Jin

ဗိုက်ထဲက ရင်သွေးလေးနဲ့အတူ မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးသွားခဲ့တဲ့ Son Ye Jin

နောက်ဆုံးထုတ် မဂ္ဂဇင်းဓာတ်ပုံများမှာတော့ မင်းသမီးချော Son Ye Jin ဟာ သူမရဲ့ကိုယ်ဝန်နဲ့အတူ ရင်သပ်ရှုမောဖွယ်ကောင်းပြီး စတိုင်ကျနေပုံကို ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။

မင်းသမီးဟာ ကိုယ်ဝန်လွယ်ထားရတဲ့အတွက် ကလေးနဲ့ သူ့ကိုယ်သူ ဂရုစိုက်ဖို့ အာရုံစိုက်ဖို့ ရိုက်ကူးရေးတွေအားလုံးကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ထားပေမဲ့ ပရိသတ်တွေ့ဆုံပွဲနဲ့ မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးမှုတွေအတွက်တော့ လက်ခံထားဆဲပါပဲ။

ဒါကြောင့်လည်း လတ်တလောမှာ Son Ye Jin ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလထုတ် Luxury မဂ္ဂဇင်း မျက်နှာဖုံးမှာ မထင်မှတ်ထားတဲ့ အသွင်အပြင်တို့နဲ့အတူ ပရိသတ်တွေကို အရူးအမူးဖြစ်စေခဲ့ရပါတော့တယ်။

မင်းသမီးဟာ Valentino ဒီဇိုင်းထုတ်ထားသော နီယွန်ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ပြောင်းလဲထားခဲ့တဲ့ ဆံပင်တိုနဲ့အတူ မိမိကိုယ်မိမိ ယုံကြည်မှုအားကောင်းပြီး အဆင့်အတန်းမြင့်လှတဲ့ အသွင်အပြင်၊ ရင်သပ်ရှုမောဖွယ် အလှတရားတို့နဲ့ ပရိသတ်များကို အံ့အားသင့်စေခဲ့တာပါ။

ပရိသတ်တွေကို ပိုဖမ်းစားနိုင်ခဲ့တာကတော့ Ye Jin ဟာ သူမရဲ့ရင်သွေးလေးရှိနေတဲ့ ဗိုက်ကို လက်ကိုင်အိတ်ကို အသုံးပြုပြီး သိမ်မွေ့စွာ ဖုံးအုပ်ထားခဲ့တာပါပဲ။

Ye Jin နဲ့ ရင်သွေးလေးနှစ်ယောက်လုံးကတော့ သူတို့ရဲ့အကောင်းဆုံးအခြေအနေမှာ ရှိနေတာကိုတွေ့ရမှာဖြစ်ပြီး ကိုယ်ဝန်ရှိစအချိန်မှာ မင်းသမီးချောရဲ့အသွင်သစ်ဟာ ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲပါပဲနော်။

Leave a Reply

Your email address will not be published.