Jisoo ရဲ့ ကြွက်သားအကျစ်အလျစ်နဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

Jisoo ရဲ့ ကြွက်သားအကျစ်အလျစ်နဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

မကြာသေးမီက Jisoo ရဲ့ pilates နည်းပြဆရာ Sun ဟာ သွယ်လျသောရုပ်သွင်နဲ့အတူ လေ့ကျင့်ခန်းအဝတ်အစားများကို ၀တ်ဆင်ထားတဲ့ Jisoo ရဲ့ ဓာတ်ပုံအများအပြားကို တင်ထားခဲ့ရာမှ ပရိသတ်တွေက အံ့အားသင့်ခဲ့ကြရပါတယ်။

အထင်ရှားဆုံးကတော့ ပုံတစ်ပုံမှာ Jisoo ဟာ သူမရဲ့ တောင့်တင်းတဲ့ ဗိုက်သားတွေကို ပေါ်လွင်စေခဲ့ပြီး ကြွက်သားတွေ အကျစ်အလျစ်နဲ့ မြင်တွေ့ခဲ့ရတာပါပဲ။

ဤဓာတ်ပုံတွေဟာ မကြာမီမှာပဲ အင်တာနက်ပေါ်မှာ အမြန်အဆန် ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကလည်း ပြန်လည်ဝေမျှခြင်းတို့ဖြင့် Jisoo ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို သဘောကျတဲ့ caption တွေနဲ့အတူ မီဒီယာတွေဆီ ခေါ်သွားခဲ့ကြပါတော့တယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က Jisoo လို “body goal”  ရရှိရန်အတွက် pilates အတန်းတက်ရမယ်လို့တောင် သူတို့ရဲ့ Jisso ရဲ့ ခန္ဓာကိုယ်အပေါ် အားကျနှစ်သက်မှုတွေကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

Kbiz ရှိ နာမည်ကြီး အလှမယ် အဆင့် ဇယားများအရ Jisoo ဟာ “အလှပဆုံး မျက်နှာများ” ထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို မကြာသေးမီက KingChoice ရဲ့ “၂၀၂၂ အတွက် အလှဆုံး ကိုရီးယားမင်းသမီး ” အဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

သူမကို “Miss Korea” လို့လည်း ပရိသတ်တွေက နာမည်ပြောင် ပေးထားကြပြီး Kim Jisoo ဟာ သူမရဲ့ အပြစ်အနာအဆာ ကင်းတဲ့ အသွင်အပြင်တို့ကြောင့် BLACKPINK ရဲ့ အထင်ပေါ်ဆုံး visual တစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *