စက်တင်ဘာလထဲမှာ စတင်ပြသတော့မယ့် Park Min Young ရဲ့ ဇာတ်လမ်းတွဲအသစ်

နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ရဲ့ ဇာတ်လမ်းတွဲအသစ် ‘MonWedFriTuesThursSat’ ကိုတော့ လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ tvN ရုပ်သံလိုင်းကနေ စတင်ပြသသွားမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာဆိုရင် သူမနဲ့အတူ Go Kyung Pyo နဲ့ Kim Jae Young တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားကြတာဖြစ်ပါတယ်။

‘MonWedFriTuesThursSat’ ဇာတ်လမ်းတွဲဟာဆိုရင် အိမ်ထောင်သည်သူငယ်ချင်းတွေ့ဆုံပွဲတွေနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေမှာ အိမ်ထောင်မပြုချင်သေးတဲ့ လူပျိုလူလွတ်တွေအတွက် ဇနီးဟန်ဆောင်ပြီးကူညီတက်ရောက်ပေးတဲ့ အမျိုးသမီး Choi Sang Eun အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သိရပါတယ်။

ဒီဒရမ်မာဇာတ်လမ်းတွဲကိုတော့ ‘100 Days My Prince’, ‘Kkondae Intern’ နဲ့ ‘My Roommate is a Gumiho’ တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Nam Sung Woo က တာဝန်ယူဖန်တီးထားဖြစ်ပြီး CJ ENM နဲ့ Studio 605 တို့က ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *