လက်မထပ်ခင်မှာ Rain ရဲ့ချစ်ခွင့်ပန်မှုကို ငါးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ဖူးတဲ့ Kim Tae Hee

လက်မထပ်ခင်မှာ Rain ရဲ့ချစ်ခွင့်ပန်မှုကို ငါးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ဖူးတဲ့ Kim Tae Hee

အဆိုတော်-မင်းသား Rain နဲ့ မင်းသမီးချော Kim Tae Hee တို့ဟာ အများက ချစ်ခင်အားကျရတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။

Kim Tae Hee ဟာ နိုင်ငံတော်ရဲ့ ဂုဏ်ပြုဘွဲ့ပိုင်ရှင် အလှလေးဖြစ်ပြီး Rain ကတော့ Kim Tae Hee ရဲ့ အချစ်ကို ရရှိသွားခဲ့လို့ “နိုင်ငံသူခိုးကြီး” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း ကျော်ဇောသူပါ။ တကယ်တော့ Rain ဟာ ဒီဂုဏ်ပုဒ်ကို လွယ်လွယ်ကူကူတော့ ရရှိခဲ့တာမဟုတ်ပါဘူး။

၂၀၁၇ က လက်ထပ်ခဲ့ကြတဲ့ ဒီဇနီးမောင်နှံဟာ ကြော်ငြာရိုက်ကူးမှုတစ်ခုမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး Rain ကတော့ မြင်မြင်ချင်းနဲ့တင် noona Kim Tae Hee ကို ကြွေသွားခဲ့တာလို့ဆိုပါတယ်။

“ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်က Kim Tae Hee နဲ့တွေ့ခဲ့တယ်။ အခြားနာမည်ကြီးတွေက သူတို့ရဲ့ stylist တွေကို ခြေအိတ်တွေကအစ ဝတ်ပေးဖို့ အကူအညီတောင်းလေ့ရှိပေမယ့် Kim Tae Hee ကတော့ သူကိုယ်တိုင် အကုန်လုပ်သူဗျ။ ဒါကိုမြင်ရင် သူမဟာ ကျွန်တော် လိုအပ်တဲ့လူပဲဆိုတာ သေချာခဲ့ပါတယ်။” လို့ သူ့စိတ် ပြတ်သားခဲ့ပုံကို ပြောပြလာခဲ့ပါတယ်။

သူ့အနေနဲ့ မင်းသမီးကို ပိုးပမ်းခဲ့ပုံကိုလည်း “ကျွန်တော် သူ့ကို ခက်ခက်ခဲခဲ ပိုးပမ်းခဲ့ရတာပါ။ သူက ကျွန်တော့်ကို ငါးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ပါတယ်” လို့ ဆိုသွားခဲ့တာပါ။

နောက်ဆုံးမှာတော့ မမ Kim Tae Hee လည်း စိတ်အားထက်သန်လွန်းတဲ့ မောင်လေးကို မငြင်းရက်နိုင်ခဲ့ဘဲ ၂၀၁၇ မှာတော့ လက်ထပ်ခဲ့ကြပြီး သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *