ပရိသတ်တွေကို အမြဲတမ်းနီးပါး အချိန်ပေးစာပြန်နေလို့ ချီးကျူးခံနေရတဲ့ Lee Dong Wook

မင်းသား Lee Dong Wook ဟာ အသက် ၄၀ ကျော်နေပြီဖြစ်ပေမယ့် သူ့ရဲ့အနုပညာစွမ်းရည်နဲ့ နူးညံ့သိမ်မွေ့တဲ့ အမူအရာတွေကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားခဲ့ပါတယ်။

လတ်တလောမှာတော့ Lee Dong Wook ဟာ သူနဲ့ သူ့ရဲ့ ပရိသတ်တွေကြား လူမှုကွန်ရက်မှာ စကားပြောဆိုမှုတွေနဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေကြောင့် အင်တာနက်အသုံးပြုသူ အများအပြားက သူ့ကို ချီးကျူးနေခဲ့ကြတာပါ။

သူ့ရဲ့ ဖန်သားပြင်ဘဝက နေထိုင်မှုပုံစံကို ကြည့်လိုက်မယ်ဆိုရင် မင်းသားချောဟာ မာန်မာန ထောင်လွှားတာမျိုး လုံးဝမရှိဘဲ စာလာပို့တဲ့ ပရိသတ်တွေကိုတောင်မှ တကူးတက အချိန်ပေးပြီး အပြန်အလှန် ဆက်သွယ်မှုတွေရှိနေခဲ့တာကို တွေ့ရမှာပါ။

Lee Dong Wook ကို စာပို့ကြသူ ပရိသတ်အများစုကတော့ မိန်းကလေးငယ်လေးတွေဖြစ်ကြပြီး မင်းသားချောကို ဦးလေးကြီး၊ အစ်ကို စသဖြင့် ကင်ပွန်းတပ်ရင်း သူတို့ရဲ့တစ်နေ့တာအကြောင်းတွေ၊ မင်းသားရဲ့ ဘဝဇာတ်လမ်းတွေအကြောင်းကို ပြောဆိုလေ့ရှိကြပါတယ်တဲ့။

Lee Dong Wook ကလည်း သူ့ကို ရှေ့မှာ လေးစားသမှုတွေ ထည့်စရာမလိုပဲ Dong Wook လို ခေါ်ရင်ပဲဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြထားပြီး နေ့တိုင်းနီးပါးလောက် ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်နေတာကြောင့် သူ့ရဲ့နေထိုင်မှုပုံစံကိုတော့ မဖြစ်မနေ ဂုဏ်ယူ ချီးကျူးသွားရပါလိမ့်မယ်။

Leave a Reply

Your email address will not be published.