တွဲဖက်သရုပ်ဆောင် မင်းသမီး ၃ ယောက်လုံးက ၁ နှစ်အတွင်းအိမ်ထောင်ပြုသွားကြပေမယ့်လည်း သူကိုယ်တိုင်ကတော့ လူပျိုကြီးအဖြစ်ကျန်ရစ်နေဆဲဖြစ်တဲ့ Lee Min Ho

ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho နဲ့ပတ်သက်ပြီး လတ်တလောပျံ့နှံ့လူပြောများနေတဲ့ အကြောင်းအရာတစ်ခုကတော့ သူနဲ့အတူတွဲဖက်သရုပ်ဆောင်ထားကြတဲ့ မင်းသမီး ၃ လက်စလုံးဟာ တစ်နှစ်တာအချိန်တွင်းမှာတင် အိမ်ထောင်အသီးသီးပြုသွားခဲ့ကြပြီဆိုတာပါပဲ။

အဲဒီမင်းသမီးတွေကတော့ Park Shin Hye, Son Ye Jin နဲ့ Gong Hyo Jin တို့ပဲဖြစ်ပြီး Lee Min Ho နဲ့ Park Shin Hye တို့ဟာဆိုရင် နာမည်ကြီး ‘The Heirs” ဇာတ်လမ်းတွဲထဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Park Shin Hye ဟာ မင်းသား Choi Tae Joon နဲ့ ဇန်နဝါရီလတုန်းက အိမ်ထောင်ပြုခဲ့ပြီးလို့ ရင်သွေးလေးကိုတောင်မှ မွေးဖွားခဲ့ပြီဖြစ်ပါတယ်။

“Personal Taste” ဇာတ်လမ်းတွဲထဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Son Ye Jin ဆိုရင်လည်း မင်းသား Hyun Bin နဲ့ အခု မတ်လ ၃၁ ရက်နေ့တုန်းက မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပထမဆုံးရင်သွေးလေးကို လွယ်ထားနေပြီဖြစ်ပါတယ်။

Gong Hyo Jin ကတော့ သူမရဲ့ချစ်သူ Kevin Oh နဲ့ လာမယ့် အောက်တိုဘာလမှာ လက်ထပ်တော့မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရားဝင်အသိပေးကြေညာခဲ့ပြီး သူမဟာဆိုရင်တော့ လက်ရှိအချိန်မှာ Lee Min Ho နဲ့အတူတွဲဖက်ပြီး “Ask the Stars” ဇာတ်လမ်းတွဲကိုရိုက်ကူးလျက်ရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ Lee Min Ho ရဲ့အဖြစ်ကို လှောင်ပြောင်စနောက်ထားကြသလို သိပ်မကြာခင်အချိန်တွင်းမှာလည်း သူ့ရဲ့အချစ်ရေးကို အတိအလင်းကြေညာမှာကို မျှော်လင့်စောင့်စားနေကြတယ်လို့ မှတ်ချက်ပေးထားကြတာကိုတွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x