တစ်ချိန်တုန်းက Seo Kang Joon နဲ့ Gong Myung တို့ရဲ့ အောင်မြင်မှုတွေကို အားကျခဲ့ရဖူးတယ်ဆိုတဲ့ Kang Tae Oh

တစ်ချိန်တုန်းက Seo Kang Joon နဲ့ Gong Myung တို့ရဲ့အောင်မြင်မှုတွေကို အားကျခဲ့ရဖူးတယ်ဆိုတဲ့ Kang Tae Oh

“Extraordinary Attorney Woo” ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရဲ့အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့သူ မင်းသား Kang Tae Ho ဟာဆိုရင် သူ့အနေနဲ့ အခုလိုမျိုးမအောင်မြင်လာခင်အချိန်တုန်းက 5URPRISE မှ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Seo Kang Joon နဲ့ Gong Myung တို့ရဲ့ အောင်မြင်မှုတွေကို အားကျခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“သူတို့အောင်မြင်လာတော့ သူတို့တွေအတွက် ကျွန်တော်တကယ်ပျော်မိတယ်ဗျ … လိမ်မပြောဘူး … ကျွန်တော်တကယ်ပျော်ခဲ့တာ … ဘာလို့လဲဆိုတော့ သူတို့တွေကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်လေ 5URPRISE အတွက်ကလည်း ကောင်းကျိုးရှိလေပဲလေ … ဒါပေမယ့် ကျွန်တော်ကလည်း လူသားဆိုတော့ သူတို့ရဲ့ အောင်မြင်မှုတွေကို မနာလိုအားကျခဲ့ရတဲ့အချိန်တွေရှိခဲ့တယ်ဗျ”

“အဲဒီလိုဆိုပေမယ့်လည်း ကျွန်တော်က တခြားသူတွေရဲ့အကြောင်းအရာကိစ္စတွေအများကြီးကို စိတ်မဝင်စားတတ်တဲ့သူဆိုတော့ အတည်ပေါက်ကြီးနဲ့ မနာလိုမဖြစ်ခဲ့ပါဘူး … ငါ့ကိုလည်း တစ်နေ့ သူတို့လိုမျိုး လူတွေအများကြီးသိလာစေရမယ်ဆိုတဲ့ အတွေးမျိုးပဲထားခဲ့တာ … ကိုယ့်ကိုယ်ကိုယ်တော့ အသုံးမဝင်တဲ့အမှိုက်တစ်ခုလိုမျိုး မတွေးခဲ့ဖူးဘူး” လို့ဆိုကာ Kang Tae Oh က သူ့ရဲ့အတွေးတွေကြောင်းကို ပြောသွားခဲ့တာဖြစ်ပါတယ်။

Kang Tae Oh ဟာဆိုရင် 5URPRISE ဆိုတဲ့ သရုပ်ဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ၂၀၁၄ ခုနှစ်မှာ အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ယင်းအဖွဲ့မှာတော့ Kang Tae Oh, Seo Kang Joon, Gong Myung, Lee Tae Hwan နဲ့ Yoo Il တို့ပါဝင်ကြတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x