‘SM Town Live’ မှာ EXO-L တို့ရဲ့ မီးပိတ်ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့လိုက်ရတဲ့ Chen

‘SM Town Live’ မှာ EXO-L တို့ရဲ့ မီးပိတ်ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့လိုက်ရတဲ့ Chen

EXO အဖွဲ့ဝင် Chen ဟာ ‘SM Town Live’ ဖျော်ဖြေပွဲမှာ ပွဲကြည့်ပရိသတ်တွေရဲ့ သွေးအေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့မှာ SM Entertainment ဟာ ကိုရီးယားမှာ ၅ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံး ဖျော်ဖြေပွဲကြီး ‘SMTOWN Live’ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

‘SMTOWN Live 2022: SMCU Express @Human City Suwon’ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဖျော်ဖြေပွဲကို Suwon World Cup Stadium မှာ ကျင်းပခဲ့ပြီး TVXQ, Super Junior, Girls’ Generation, SHINee, EXO, Red Velvet, NCT နဲ့ aespa အပါအဝင် SM အနုပညာရှင်များစွာက ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

အဖွဲ့တိုင်းကလည်း သူတို့ရဲ့ ပရိသတ်တွေကို ဆွဲဆောင်မှုရှိတဲ့ ဖျော်ဖြေမှုတွေနဲ့အတူ အကောင်းဆုံး ဖျော်ဖြေသွားခဲ့ကြရာမှာ EXO အဖွဲ့ရဲ့ ဖျော်ဖြေမှုကတော့ ပွဲကြည့်ပရိသတ်တွေဆီက ထူးခြားတဲ့တုန့်ပြန်မှုမျိုး ရရှိခဲ့တာပါ။

တကယ်တော့ EXO တို့ ဖျော်ဖြေချိန်အတွင်း Chen က သူ့အပိုင်းကို သီဆိုခဲ့ရမှာ ပွဲကြည့်စင်မှ မီးချောင်းအများစုက ပိတ်သွားခဲ့တာကို တွေ့ခဲ့ရပြီး Chen ပြီးနောက် D.O. ဆိုတဲ့အချိန်မှာတော့ မီးတွေပြန်လင်းလာတာကို ပြန်တွေ့ရမှာပါ။

ဒီလိုမျိုးဖြစ်ရပ်ကြောင့် ပွဲအပြီးမှာတော့ netizens တွေကြားမှာ Chen နဲ့ EXO-L တို့ကြားက ဆက်ဆံရေးကို အပြောအများဆုံးဖြစ်နေခဲ့ကြပြီး ဒီဖြစ်စဥ်အပေါ်မှာလည်း အခြား fandom တွေက မတူညီတဲ့အမြင်တွေနဲ့ မှတ်ချက်အမျိုးမျိုးတွေ ဆွေးနွေးသွားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *