စက်တင်ဘာလထဲမှာ မြင်တွေ့သွားရမယ့် K-Drama အမျိုးသမီးဇာတ်ဆောင်များ

စက်တင်ဘာလထဲမှာ မြင်တွေ့သွားရမယ့် K-Drama အမျိုးသမီးဇာတ်ဆောင်များ

နောက်လ စက်တင်ဘာမှာ ထွက်ရှိလာယ့် K-dramas များကတော့ ပရိသတ်တွေကို မျှော်လင့်ချက်တွေ ပြည့်နှက်စေခဲ့ပါပြီ။ အကြောင်းကတော့ ကြည့်ရှုနှုန်း မြင့်တက်သွားမယ်လို့ ထင်ကြေးပေးခံထားရတဲ့ K-Drama တွေမှာ ပါဝင်လာကြမယ့် အမျိုးသမီးဇာတ်ဆောင်တွေကလည်း နာမည်ကျော်တွေမလို့ပါပဲ။

Kwon Yuri

“Extraordinary Attorney Woo” နဲ့အောင်မြင်အပြီးမှာ ENA ဟာ “Good Job” ကို ထုတ်လွှင့်လာမှာဖြစ်ပါတယ်။ဒီဇာတ်ကားကို ဩဂုတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး Girls’ Generation ရဲ့ Kwon Yuri က သူမရဲ့တွဲဖက်ဖင်းသားဟောင်း Jung Il Woo နဲ့အတူ ဦးဆောင်ထားပါတယ်။

Lee Yoo Mi

“Squid Game” နဲ့ “All Of Us Are Dead” နဲ့ အတူ နိုင်ငံတကာမှာ ရေပန်းစားလာခဲ့တဲ့ မင်းသမီးလေး  Lee Yoo Mi ကိုတော့ စိတ်ကျန်းမာရေးနှင့်ပတ်သက်တဲ့  အားကစားဆိုင်ရာ K-Deama “Mental Coach Je Gal Gil” မှာ  ပထမဆုံး ဇာတ်ဆောင်အဖြစ်နဲ့ မြင်တွေ့ရပါတော့မယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာပါ။

Lee Se Young

“The Red Sleeve” ပြီးနောက် Lee Se Young ဟာလည်း ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်၊ စိတ်ဝင်စားစရာကောင်းတဲ့ အသွင်အပြင်တို့နဲ့ လှပတဲ့ရှေ့နေအဖြစ် “The Law Cafe” Drama မှာ မင်းသား Lee Seung Gi နဲ့အတူ ပြန်လည်မြင်တွေ့ရပါတော့မယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး KBS2 မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။

Jung Eun Ji

၅ နှစ်အကြာမှာတော့ Apink ရဲ့ Jung Eun Ji ဟာ K-Drama လေးမှာ ပြန်လည်ပါဝင်လာပါတယ်။ Ha Seok Jin နဲ့ Ok Taec Yeon တို့ ပါဝင်လာမယ့် tvN ရဲ့ “Blind” မှာ သူမဟာ ပါဝင်သရုပ်ဆောင်ထားတာပါ။ “Blind” ရဲ့ ပထမဆုံးအပိုင်းကို စက်တင်ဘာ ၁၆ ရက်မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။

Kim Go Eun – Nam Ji Hyun – Park Ji Hoo

လာမယ့်လရဲ့ ပရိသတ် အစောင့်မျှော်နေဆုံး K-Drama များထဲမှ တစ်ခုမှာ tvN ရဲ့ “Little Women” ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။ အမျိုးသမီး ဦးဆောင်တဲ့ ဒရာမာတွေဟာ မကြာသေးမီကမှ အောင်မြင်မှုများ ဆက်လက်ရရှိနေတာကြောင့် Kim Go Eun, Nam Ji Hyun နဲ့ Park Ji Hoo တို့ရဲ့ “Little Women” ဟာ ကြီးမားတဲ့ မျှော်လင့်ချက်များကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

Park Min Young

JTBC ရဲ့ “Forecasting Love and Weather” မှာ ယခုနှစ်အစောပိုင်းက မြင်တွေ့ခဲ့ရပြီးနောက် “rom-com queen” Park Min Young ဟာ tvN ရဲ့ “Love In Contract” ဇာတ်လမ်းတွဲမှာ ပြန်လည်ပါဝင်လာတော့မှာပါ။ ပထမပိုင်းကိုတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြသသွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *