ဒရာမာသစ်လေးတစ်ခု ရိုက်ကူးနေပြီဖြစ်တဲ့ Park Bo Young

Park Bo Young ဟာ အချိန်အတော်ကြာပြီးနောက် သူမရဲ့ လတ်တလော လှုပ်ရှားမှုတွေကို ထုတ်ဖော်သွားခဲ့ပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့မှာ မင်းသမီး Park Bo Young က သူမရဲ့ ကိုယ်ပိုင် Instagram မှာ ဓာတ်ပုံအသစ်တွေ တင်ခဲ့ပါတယ်။ ဓာတ်ပုံများမှာတော့ Park Bo Young ဟာ သက်တောင့်သက်သာရှိတဲ့ မီးခိုးရောင်ခေါင်းစွပ် အနွေးထည်လေးနဲ့ ချစ်စရာကောင်းပြီး နုပျိုတဲ့ အသွင်အပြင်မျိုးနဲ့ တွေ့ရှိခဲ့ရပါတယ်။
မင်းသမီးဟာ မိတ်ကပ်ပါးပါးနဲ့ ဆံပင်ကို နောက်မှာ ထုံးဖွဲ့ထားခဲ့တာကြောင့် လက်ရှိ “Daily Dose of Sunshine” မှာ သူနာပြုဆရာမတစ်ဦးအဖြစ် သရုပ်ဆောင်ထားရတဲ့ ဇာတ်ကောင်ရဲ့ ဆံပင်ပုံစံကို ပရိသတ်တွေက ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းလည်းဖြစ်ပါတယ်။
Park Bo Young ဟာ လက်ရှိမှာတော့ Netflix ရဲ့ ဇာတ်လမ်းတွဲ “Daily Dose of Sunshine” ကို ရိုက်ကူးနေပါတယ်။ ဇာတ်လမ်းပုံစံကတော့ စိတ်ကျန်းမာရေးဌာနကို ပထမဆုံးရောက်လာပြီး စိတ်ရောဂါကုခန်းထဲမှာ အသည်းကွဲလူနာ အမျိုးမျိုးနဲ့ တွေ့ဆုံခဲ့တဲ့ သူနာပြု Jung Da Eun (Park Bo Young) အကြောင်းကို ပုံဖော်ထားတာပါ။
ဒီဇာတ်ကားကို “All Of Us Are Dead” ရဲ့ ဒါရိုက်တာ PD Lee Jae Gyu က ရိုက်ကူးထားပါတယ်။ Park Bo Young ရဲ့ ဇာတ်ကောင်ကတော့ အလုပ်မှာ ပျင်းရိပြီး အခက်အခဲများနဲ့ ရင်ဆိုင်ရသော်လည်း လူနာများကို ရိုးသားစွာ ဆက်ဆံခြင်းဖြင့် ရဲရင့်ရင့်ကျက်သူတစ်ဦးဖြစ်ပါတယ်။