Kim Go Eun ရဲ့ drama သစ်မှာ ပါဝင်လာဖွယ်ရှိတဲ့ Song Joong Ki

ပရိသတ်တွေရဲ့ စောင့်ကြည့်အခံရဆုံး K-Drama တစ်ခုဖြစ်တဲ့ “Little Women” မှာတော့ Song Joong Ki ရဲ့ အံ့အားသင့်ဖွယ် အသွင်အပြင်ကို မျှော်လင့်သွားနိုင်ဖွယ်ရှိနေပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့က OSEN ရဲ့ သတင်းထုတ်ပြန်ချက်အရ Song Joong Ki ဟာ tvN ရဲ့ စက်တင်ဘာ ၃ ရက်မှာ ပြသသွားမယ့် “Little Women” drama မှာ အထူးဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Song Joong Ki ဟာ “Vincenzo” ဇာတ်လမ်းတွဲမှာ အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ ဒါရိုက်တာ Kim Hee Won ရဲ့ မေတ္တာရပ်ခံမှုကြောင့် “Little Women” မှာ ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိလာခဲ့ပါတယ်။

နာမည်ကျော် မင်းသမီးတွေဖြစ်ကြတဲ့ Kim Go Eun, Nam Ji Hyun, Park Ji Hoo တို့နဲ့အတူ မင်းသား Wi Ha Joon, Uhm Ji Won, Um Ki Joon တို့ အဓိက ပါဝင်ထားကြတဲ့ “Little Women” ကတော့ ဆင်းရဲတဲ့ မိသားစုမှာ အတူတူ ကြီးပြင်းလာကြတဲ့ ညီအစ်မ သုံးယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

ဒါကြောင့် “Little Women” မှာ Song Joong Ki ရဲ့ အံ့အားသင့်စရာ အသွင်အပြင်သတင်းတွေ ပျံ့နှံ့သွားချိန်မှာတော့ အင်တာနက်သုံးစွဲသူတွေက ဝမ်းသာအားရနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ပြသခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *