ထိန်းသိမ်းမရနိုင်တဲ့ အခြေအနေမျိုးတွေကြောင့် YG နဲ့ WINNER ကနေထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းထွက်နေတဲ့ Nam Tae Hyun

ထိန်းသိမ်းကိုင်တွယ်ဖို့အရမ်းခက်တာကြောင့် YG နဲ့ WINNER ကနေထုတ်ပယ်ခံခဲ့ရတဲ့ Nam Tae Hyun

WINNER ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Nam Tae Hyun ဟာဆိုရင် မူးယစ်ဆေးသုံးစွဲမှု၊ ချစ်သူ Seo Min Jae ကိုရိုက်နှက်မှုတို့နဲ့ ပတ်သက်ပြီး လတ်တလောရက်ပိုင်းအတွင်းမှာ အွန်လိုင်းအသုံးပြုသူတွေရဲ့ အာရုံစိုက်စိတ်ဝင်စားမှုကို အထူးရရှိနေသူဖြစ်ပါတယ်။

ဒီအခါမှာတော့ သတင်းထောက်ဟောင်းဖြစ်ခဲ့သူ YouTuber Lee Jin Ho က Nam Tae Hyun နဲ့အကြောင်းနဲ့ပတ်သက်လို့ ပရိသတ်တွေမသိရှိကြသေးတဲ့ အကြောင်းအရာအချို့တို့ကို ထုတ်ဖော်ပြောပြလာခဲ့တာ တွေ့ရပါတယ်။

Lee Jin Ho ရဲ့ ပြောပြချက်အရတော့ Nam Tae Hyun အနေနဲ့ WINNER နဲ့ YG Entertainment တို့မှထုတ်ပယ်ခံရခြင်းဟာ ကြီးမားတဲ့ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်နေတာကြောင့်ဖြစ်တယ်လို့သိရပြီး လတ်တလောဖြစ်ပေါ်နေတဲ့ကိစ္စကိုတော့ အတိအကျပြောနိုင်တဲ့သူမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအချိန်တုန်းက Nam Tae Hyun ရဲ့ အခြေအနေပုံစံက အေဂျင်စီမှဝန်ထမ်းတွေအတွက် အလွန်အမင်းထိန်းသိမ်းရခက်လွန်းခဲ့ကြောင်းကိုလည်း “အဲဒီတုန်းက ကုမ္ပဏီဘက်ကလူတွေပြောတာကျတော့ Nam Tae Hyun က ထိန်းသိမ်းကိုင်တွယ်ရခက်ပြီး သူ့မှာ မရေမတွက်နိုင်တဲ့ ပြဿနာတွေကလည်း ပေါင်းစုံပဲတဲ့ … အဲဒီလိုပြဿနာတွေထဲကမှ အကြီးဆုံးကတော့ သူ့ကောင်မလေးကို WINNER ရဲ့ Dorm ဆီ ခေါ်လာခဲ့ဖူးတာလို့ပြောတယ်” လို့ဆိုကာ ပြောပြသွားခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *